[Unicode]
အိပ်ရာပေါ်၌ အိပ်နေသော ဘေဘီကိုကြည့်ကာ ငေးငိုင်နေမိ၏။ လွမ်းသောဤလူသားကို ပြင်တွေ့ရတော့လဲ ဒီလိုတဲ့လား။ မထင်ထားမိတဲ့အရာတွေဖြစ်လာချိန်မှာ ယူကြုံးမရအောင်ကို ခံစားရသည်။
ဘယ်ဘက်လက်ကလေးသည် ကိုက်ရာ၊ကုတ်ရာ၊ခြစ်ရာများနှင့်ပြည့်နက်နေလို့ ညိုမဲတွေတောင် စွဲနေပါပြီ။
ဒါ့အပြင် သူ့ရင်ကိုနင်းခြေသွားသောအရာလေးသည် ဘေဘီရဲ့ ညာဘက်လက်ကလေး၌ အပ်ချူပ်ရာလေး။ ဘေဘီက ကိုယ့်ကိုကိုယ်တောင် သတ်သေတဲ့အထိ လုပ်ခဲ့တာတဲ့လား။ ဘယ်လောက်တောင် ပင်ပန်းလိုက်ခဲ့သလဲကွယ်~~ ။
ထိုအမှတ်သားလေးပေါ်ကို ဖိကပ်နမ်းရူံ့ကာ ငိုရင်းဖြင့်။ ယူကြုံးမရဘူး ကလေးရယ်။ တကယ်ယူကြုံးမရဘူး။ ချုံးပွဲချငိုနေသော သူ့ကို အိပ်ပျော်နေသော ကလေးငယ်ကတော့ သိမည်မထင်ပေ။
"အကုန်လုံးကဒယ်ဒီအမှားပါ..မင်းကို တွေ့အောင်မရှာခဲ့တဲ့ ဒယ်ဒီရဲ့အမှားပါ..ကလေးရယ်..ဒယ်ဒီရဲ့အမှားပါ.."
မင်းကိုနာကျင်အောင်လုပ်တဲ့ လူမှန်သမျှကို ဒယ်ဒီပြန်ခံစားခိုင်းမယ်။
"ဂျင်းဝူ.. "
"ဗျာ သခင်ကြီး.. "
"Family doctor ခေါ်လိုက်..အမြန်ဆုံး လာဖို့ ပြောလိုက်ပါ.. "
ဖျော့တော့နေသော သခင်ကြီးရဲ့အသံ။ အရင်လို အော်ငေါက်တော့လဲ သခင်ကြီးကိုစိတ်ကွက်မိသလို အခုလို ခံစားရတာမြင်တော့လဲ သခင်ကြီးကို အလွန်သနားမိသည်။
"ကျနော်ပေးခဲ့တဲ့ဆေးတွေကို တစ်နေ့(၂)ကြိမ်လိမ်းပေးပါ..ညိုမဲစွဲတဲ့နေရာလေးတွေကိုပဲ လိမ်းပေးပါ.. စိတ်ဒဏ်ရာကတော့ အတော်လေးကြာတဲ့အထိကုရဦးမှာပါ..သောက်ဆေးတော့ပေးခဲ့ပါတယ်..စိတ်ဖောက်လာရင် တိုက်ပေးပါ..အဲ့တာက ခနငြိမ်ဆေးသက်သက်ပါပဲ..ဘာမှထိခိုက်မူမရှိပါဘူး.. "
ဆရာ၀န်ရဲ့စကားတို့ကို နားနှင့်သာ နားထောင်ရပေမဲ့ မဆိုင်သော မျက်၀န်းက မျက်ရည်တွေကျပြန်မိပါ၏။ ထို့အပြင် ခံစားလွယ်သောဤနှလုံးသားငယ်ကလဲ စကားလုံးတစ်ခွန်းတိုင်းကို တစ်ဆစ်ဆစ်နာကျင်ရသည်။