[Unicode]
"ငါ့ကို ဒီကောင်အကြောင့်နဲ့ရိုက်ရဲတယ်ပေါ့ဟုတ်လား..မောင်.."
"အာ့..အ..ဒယ်ဒီ"
ဒယ်ဒီရင်ခွင်ထဲ၌ ရပ်နေသောသူအား ဆံပင်ကနေ ဆောင့်ဆွဲသော ဒိုယောင်း။
"အီးးးးဟီးးးးနာတယ်.."
"အခုလွှတ်လိုက်!ဂန်ဒိုယောင်း!ဘေဘီတစ်ခုခုဖြစ်ရင် မင်းကို ဒီနေရာမှာတင် သတ်ဖို့၀န်မလေးဘူး..! "
ဂျင်းဝူတို့ကော၊မင်ဆူတို့ကော ထိုအဖြစ်အပျက်ကိုကြည့်ကာ အံ့ဩလို့နေကြသည်။တုပ်တုပ်မှမလူပ်ပဲ နှစ်ယောက်လုံး ကျောက်ရုပ်အလား။ စိတ်ထဲတို့၌တော့ သုံးပွင်ဆိုင် အချစ်ဇာတ်လမ်းမှတ်နေမည်ပေါ့။
"အင်း! လွှတ်ပေးလိုက်မယ်.."
ရူပ်ပွနေသော ဆံပင်တွေနှင့်ဘေဘီက ဆောင့်၍လွှတ်ပေးလိုက်သော ဒိုယောင်းကြောင့် သူအပေါ်သို့လှဲကျလာသည်။
"ဘယ်လောက်တောင် အဲ့အကောင်ကို ကာကွယ်နိုင်လဲကြည့်ကြသေးတာပေါ့မောင်.."
"တောက်စ်!"
ဒိုယောင်းက ဘာမှမဖြစ်သောဟန်နှင့်ထွက်သွားလေသည်။ သူကတော့ တောက်ခေါက်ရင်းသာကျန်ခဲ့တာပေါ့။
"နာသွားလား..ဘေဘီ.."
"အီးးးဟီးးးနာတယ်"
ရူပ်ပွနေသော ဆံပင်တို့နှင့်ဘေဘီက ကလေးတစ်ယောက်လိုငိုတော့သည်။ ဘေဘီအားရင်ခွင်ထဲထည့်၍ ဖက်ထားတော့ ပိုတိုး၍ငိုသည်။
"သူ့ကိုမုန်းတယ်..!"
"ဘေဘီ သူ့ကိုဘာဖြစ်စေချင်လဲပြော..ဘာဖြစ်အောင်လုပ်ပေးရမလဲ.."
"သူ့ကို..? ဘာမှမလုပ်ပဲ သူနဲ့သာမပက်သက်ပါနဲ့..."
"အင်းပါ နောက်ဆို ဒယ်ဒီမပက်သက်တော့ပါဘူး..."
ထိုသို့ပြောတော့ ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြသည်။ သူလဲသက်ပြင်းချ၍ အခန်းထဲသို့ခေါ်သွားလိုက်သည်။
အခန်းထဲရောက်တော့ ဘေဘီသည် အိပ်ရာပေါ်၌ကြောင်တောင်တောင်လေးထိုင်၍ သူ့အင်္ကျီလှဲတာကို လိုက်၍ကြည့်လို့နေသည်။
သို့သော် အောက်ကအဖြူရောင်ရှပ်အင်္ကျီကိုချွတ်တော့မည့်လုပ်တော့ နီရဲသွားသောမျက်နှာနှင့် ဟိုးဘက်သို့လှည့်သွားသည်။