[Unicode]
"သခင်ကြီး..သူတို့ကိုဖမ်းမိပါပြီ! "
"ဟမ်! "
ကလေးငယ်အား ဆန်ပြုတ်ကျွေးနေရင်း အလျင်အမြန်၀င်လာသော မင်ဆူကြောင့်လက်တို့ရပ်တန့်သွားရသည်။
"သူတို့ကို အဖွဲ့မှူးဂျောင်က ဆုန်ရင်းနယ်စပ်မှာ ဖမ်းမိခဲ့ပါတယ်..မိန်းးမတစ်ယောက်ရယ်၊ယောက်ျားနှစ်ယောက်ရယ်ပါသခင်ကြီး.."
"ယောကျာ်း(၂)ယောက်..?အင်း! ဂိုဏ်းထဲကိုအရင်ပို့ထားလိုက်..ငါလာခဲ့မယ်.."
"ဟုတ်! "
မင်ဆူကထွက်သွားတော့ ဝိုင်းစက်နေသောမျက်၀န်းလေးတွေနှင့်ကလေးက တအံ့တဩ။
"ဘယ်သူတွေကို ဖမ်းမိတာလဲဟင်.."
"ကလေးကို အပြစ်လုပ်ထားတဲ့ခွေးတွေကို.."
ထဟမ်..သတ္တဝါလေးတွေကို မသတ်ပါနဲ့နော်..သူတို့က သနားဖို့ကောင်းတယ်..."
ခွေးလို့ပြောတာကို ဘေဘီက တိရိစ္ဆာန်လေးတွေလို့ထင်သွားဟန်။ သူ့မှာ တစ်ချက်ပြုံးမိသေးသည်။
"အင်း...ဘေဘီက မသတ်ခိုင်းရင်ကိုယ်ကမသတ်ပါဘူး.."
"ဟီးးဟုတ်.."
မမြင်ရတာကြာပြီဖြစ်တဲ့ ဘေဘီရဲ့အပြုံးတွေကို ငေးငိုင်ကာကြည့်နေမိသည်။ ဒယ်ဒီသာသေချာစောင့်ရှောက်နိုင်ခဲ့ရင် ဘေဘီအခုလိုဖြစ်မှာမဟုတ်ဘူး။ဒယ်ဒီညံ့ဖျင်းလို့ပါကွာ။
အပြစ်တွေအားသက်ပြင်းချရင်းပင် သူဖြေဖျောက်မိသည်။ ထမင်းတို့အား အကုန်ကျွေးလိုက်ပြီး ဆေးတိုက်လိုက်ကာ..
"ဘေဘီ..ဒယ်ဒီပြောတာကိုနားထောင်နော်..ဘာပဲဖြစ်လာဖြစ်လာ..ကိုယ့်ကိုကိုယ်ထိခိုက်အောင် မလုပ်ပါနဲ့.."
"ကျတော််မလုပ်ပါဘူး.."
ဘေဘီရဲ့စကားလေးကြောင့် သက်ပြင်းဖွဖွချရင်း ညာဘက်လက်လေးကိုကိုင်ကာပြလိုက်သည်။
"ဒါဆို ဒီလက်ကအမှတ်သားလေးကကော...ဘေဘီမှတ်မိနိုင်လား.."
သူအပြောနှင့်အညီ ရုတ်တရက်ဘေဘီသည်..
"သူ..သူတို့..သူတို့ ကျနော့်လက်ကို..ဓါးနဲ့ လှီးးကြတယ်.."
"ဟင်.."