[Unicode]
ထယ်ယောင်းဆိုသော ထိုစကားကြောင့် အပြေးအလွှားရောက်လာကြသော ဂျင်းဝူနှင့် မီးဖိုခန်းကစားဖိုမူး။
"သ..သခင်ကြီး!"
"ဒီဝိုင်းကို ဒီနေ့စီစဉ်ရတဲ့သူကဘယ်သူလဲ.."
"ကျ..ကျနော်ပါ.."
အဖြူရောင်ဦးထုပ်ကိုဆောင်းထားသည့် စားဖိုမူးက ခေါင်းညိမ့်ကာ အထစ်အငေါ့နှင့်၀င်ခံလေသည်။
"အလုပ်ထွက်လိုက်.."
"ဗျာ..သခင်ကြီး..နောက်ဆိုကျနော်ဆင်ခြင်ပါ့မယ်..အလုပ်တော့မထွက်ခိုင်းပါနဲ့သခင်ကြီးရယ်..ကျနော့်မိန်းမက ကိုယ်၀န်နဲ့မို့ပါ..သခင်ကြီးရဲ့လစာနဲ့ပဲ မှီခိုနေရတာပါ.."
"ကျစ်! ငါဘာပြောနေလဲ..မင်းကိုမင်းဒုက္ခရောက်တဲ့အကြောင်းတွေလာပြောခိုင်းနေတာမဟုတ်ဘူး..အလုပ်ထွက်ခိုင်းနေတာ.."
စားဖိုမူးကြီး၏စကားကြောင့် သူ၀မ်းနည်းမိတာအမှန်။စားဖိုမူးကြီးက ဒယ်ဒီကိုဒူးထောက်၍တောင်းပန်နေသည်။ ဒယ်ဒီကလဲလျော့မည့်ပုံမပေါ်။ သို့သော် သူအရဲစွန့်၍..
"ဒယ်ဒီ.."
"အင်းပြော.."
"သူ့ကိုအလုပ်မထုပ်ပါနဲ့..ပြီးတော့ ပုစွန်ကလဲ ကျတော်မစားရင်ရတာပဲလေ.."
"ဘယ်သူ့ဘက်က ကာပေးနေတာလဲ.."
"အဲ့...အဲ့လိုမဟုတ်ပါဘူးဒယ်ဒီ.."
"အကုန်သွားတော့..!"
ဒယ်ဒီကသက်ပြင်းချ၍ အကုန်လုံးကိုနှင်ထုတ်လေသည်။ ဂျင်းဝူက စာဖိုးမူးကို လက်လေးကာပြ၍ သွားခိုင်းကာ သူပါထွက်သွားသည်။
စိတ်ဖိစီးမူတွေတအားများနေသော ဒယ်ဒီကအနားယူဖို့လိုအပ်နေသည့်ပုံပေါ်သည်။ ဘာမှမပြောပဲ ကိုယ့်ထမင်းပန်းကန်ကိုယ်သာဒယ်ဒီကကြည့်၍စားနေသည်။ သူ့လဲဘာမှဆက်မပြောတော့ပဲ စားနေလိုက်သည်။
ထမင်းစားပြီးတော့ ဒယ်ဒီကထမသွားသေးပဲ..
"နောက်ဆို မေးစရာရှိရင်ဒယ်ဒီ့ကိုပဲမေး..တခြားသူတွေကိုမမေးနဲ့ ဒယ်ဒီမကြိုက်ဘူး.."
"ဟုတ်.."
ထို့သိုဆိုပြီး ဒယ်ဒီကထွက်သွားလေသည်။ မနက်က ဒယ်ဒီ့အမေကြောင်းဂျင်းဝူကိုမေးလိုက်လို့ ဒယ်ဒီမကြိုက်တာဖြစ်မည်။