Final

3.5K 274 117
                                    

[Unicode]

လွမ်းဆွတ်ခြင်းများဟာ အနီးနားမှာရှိတာတောင် လွမ်းနေရပါသည်တဲ့လား။ မိုးမျက်ရည်များဟာ မခမ်းခြောက်နိုင်တော့ပြီထင်သည်။နှလုံးသားမှာလဲ ဒဏ်ရာတွေဟာ ဗလပွပေါ့။ အရင်တုန်းကပျော်ရွှင်စရာ အမှတ်တရများကို ကလေးငယ်ဟာ မမှတ်မိတော့နိုင်ပေတဲ့။

တစ်နှစ်တာကြီးတောင် ဝေဒနာတွေခံစားခဲ့ရပါသော ကလေးငယ်ဟာ အရင်တုန်းက အမှတ်တရတို့ကိုမမှတ်မိတော့ချေ။ ဝေဒနာတွေ ခံစားရပါများသော ကလေးငယ်သည် သိပ်ကို ရင်နာစရာကောင်းလှပါသည်။

"ရေတွေ!! "

ပင်လယ်ပြင်သို့ လက်ညိုးထိုးကာပြရင်း သူ့ကိုပြန်ကြည့်လာ၏။ ပြုံးပျော်နေသော ထိုမျက်နှာကလေးဟာ သိပ်ကိုလှလွန်းသည်။ ဒီအပြုံးတွေက မမြင်ရတာ အတော်လေးပင်ကြာနေခဲ့ပါပြီလေ။ ပင်လယ်ပြင်ရဲ့ ရေပြင်တွေက နေရောင်ကြောင့် ထင်ဟပ်နေ၍ ကလေးငယ်ရဲ့မျက်နှာဟာ ခါတိုင်းထက်ပို၍တောက်ပနေခဲ့သည်။

နီဆွေးဆွေး နူတ်ခမ်းပါးလေးသည်လဲ နမ်းရူံ့ဖို့ဖိတ်ခေါ်နေသယောင်။ ပါးဖောင်းဖောင်းလေးဟာ သူ့ကိုမွှေးကြူလည့်ပါဟု ဖျားယောင်းနေပြန်မိပါ၏။

ရွှတ်*

ရေစပ်‌နားက ကလေးငယ်နားသို့ သွား၍ပါးလေးအား မွှေးကြူတော့ တအံ့တဩကြည့်လာ၏။

"ဘာလို့နမ်းတာလဲဟင်.."

"ချစ်စရာကောင်းလို့ပေါ့ ဘေဘီရဲ့.."

"ခစ်ခစ်ခစ်... "

သူပြောတာကို တိတ်တိတ်လေးခိုးရယ်နေပြန်ပါ၏လေ။ ထိုကလေးအား ခါးလေးကိုဖက်၍ ရေစပ်နားက သဲပြင်ပေါ်၌ ထိုင်မိသည်။ထိုလူသားလေးသည် သူ့ပခုံးလေးပေါ်ခေါင်းလေးတင်းထားလျက် ရေပြင်ကျယ်အား ကြည့်နေ၏။

ဒီအခိုက်အတန့်လေးက အေးချမ်းလိုက်တာ။ ဘာအပူအပင်မှ မရှိသော ရေပြင်ကျယ်ရေ ကျနော်တို့ဆီက နာကျင်မူတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ တိုက်စားပစ်ပါတော့။ အေးချမ်းစရာကောင်းသော ရေပြင်ကျယ်က ဒီကလေးငယ်ဆီက‌နေ နာကျင်မူတွေကို အဝေးဆုံးဆီကိုယူသွားပေးပါတော့လေ။

You've reached the end of published parts.

⏰ Last updated: Sep 10 ⏰

Add this story to your Library to get notified about new parts!

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Where stories live. Discover now