Part (1)

8K 422 164
                                    

[Unicode]

Jeon Jaungkook

"Daddyက ချစ်တယ်ဆိုတဲ့ အပြောနှင့်တအားချူပ်နှောင်လွန်းတယ်..."

×××

"ဘယ်လိုလဲ.."

"ဒီနေ့ဝောာ့ ကလေးတွေများတယ်Boss.."

"ကလေးတွေ?"

ဒုစရိုက်လောကရဲ့ Kingထံကို စား၀တ်‌နေရေးခက်ခဲတဲ့ မိဘတွေကသားသမီးတွေကို လာရောက် ရောင်းစားကြသည်။ ဂိုဏ်းခေါင်းဆောင်တွေက ထိုကလေးတွေကို နိုင်ငံရပ်ခြားဆီရောင်းစားကြလေသည်လေ။ တစ်ချို့တွေကြတော့လဲ သူတို့ရဲ့အိမ်တွေမှာ sex slaveအနေနဲ့ ထားကြလေသည်။

သို့သော် Vလို့နာမည်တစ်လုံးတည်းသာရှိတဲ့ ဂိုဏ်းရဲ့ခေါင်းဆောင်ကတော့ တခြားသူတွေနဲ့မတူပဲ လာပြီးရောင်းစားကြသည့် ကလေးတွေကိုအလုပ်ထဲတွေမှာ ထည့်ပြီးအလုပ်လုပ်ခိုင်းကာ ကျောင်းတက်ခိုင်းလေသည်။

အခန်းထဲကို ခြေလှမ်းကျဲကျဲနှင့်၀င်လာသော ထိုလူ။တည်ကြည်ဖြောင့်မတ်တဲ့ ထိုလူသည် လက်မှာ LVတံဆိပ်နှင့် အညိုရောင်နာရီကိုလဲ ပတ်ထားလေသည်။ ခပ်ဟော့ဟော့ အ၀တ်အစားတွေမဟုတ်ပဲ လူကြီးသူကောင်းတွေ၀တ်တဲ့ suitအပြည့်ကို ၀တ်ထားသည်။

ဖြောင့်ဆင်းလှပြီး အချိုးကျတဲ့မျက်နှာထားနှင့် ထိုယောက်ျားသားက ပျိုမေတွေအကြိုက်ပေါ့။သို့သော် ထိုယောက်ျားက သိပ်ကိုစည်းကမ်းကြီးလွန်းသည်မို့ အနားကပ်နိုင်တဲ့မိန်းကလေးဆိုတာရှားလွန်းသည်။

ခါးကြားထဲမှာ သေနတ်ကိုအမြဲဆောင်တတ်တဲ့လူသား။ ဒိတ်ဒိတ်ကျဲချမ်းသာသော သူဌေးတစ်ယောက်လဲဖြစ်သေးသည်။ မာဖီးယားအလုပ်ကိုလဲ သေချာကိုင်တွယ်နိုင်သူပေါ့။

နေ့ဘက်မှာတော့ သူဟာလုပ်ငန်းရှင်။ညဘက်မှာတော့ ဒုစရိုက်‌လောကရဲ့ဘုရင်။

ဖိတ်ဖိတ်တုန်အောင် လက်အောက်ခံတွေက ကြောက်ရသည်။ တော်ရင်တော်သလိုဆုချတတ်သည့် သခင်ကသစ္စာဖောက်ရင်လဲ တစ်မျိုးလုံးမကျန်သတ်ပစ်တတ်သည်။ အနာဂတ်မှာသူ့ရဲ့သစ္စာဖောက်တဲ့ သွေးသားကိုမလိုချင်ဘူးတဲ့လေ။

အားလုံးက နာမည်ကြားရုံနှင့် လေးစားရသည့် ထိုလူသားကို Kim Taehyungဟုခေါ်သည်။

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Donde viven las historias. Descúbrelo ahora