[Unicode]
"ခဗျားတို့က ဒီတော့....ကျနော်ထဲကထွက်မယ်ပေါ့.."
"သူဌေးကင်မ်အနေနဲ့ သေချာစဉ်းစားပါ..ဒီလောက် ရောင်းအားနူန်းကျနေတာ ကျနော်တို့အကုန်ဒုက္ခရောက်လိမ့်မယ်.."
"ဒုန်း! "
အစည်းအဝေးလုပ်နေသည့်အခန်းတွင်း၌ ပြသနာအကြီးအကျယ်တက်နေကြသည့်ရှယ်ယာရှင်တို့။ရေမွှေးထုတ်လုပ်သည့် ပထမဆုံးတင်သွင်းရောင်းချသည့်နေ့တွင် အရင်ကထက် (၂)ဆရောင်းအားကျနေတာကြောင့် ထိုပြသနာဖြစ်နေခြင်း။
ခုံကိုလက်ဝါးနှင့်အားပါပါ ရိုက်ချလိုက်တာကြောင့် တစ်ခန်းလုံးထိတ်လန့်၍ တိတ်သွားရှာသည်။
နောက်တော့ စားပွဲပေါ်လက်နှစ်ဖက်နှင့်ထောက်ကာ ပရောဂျက်ရှေ့၌မတ်တပ်ရပ်လျက် ထိုလူကခေါင်းရူပ်ရလေသည်။
"ခဗျားတို့က အခုလိုပြသနာဖြစ်လာတော့ထွက်ကြမယ်ပေါ့...အရင်ရတုန်းကကြတော့ ဖားတားဖားတားနဲ့..ဟက်! "
"ကျနော်တို့ကအဲ့သဘောမဟုတ်ပေမဲ့ သေချာ..."
လက်ကိုကာပြလိုက်တော့ ပြောနေသောရှယ်ယာရှင်တစ်ယောက်၏ပါးစပ်ဟာပိတ်သွားလေသည်။
"မင်ဆူ..ထွက်မဲ့လူတွေရဲ့စာရင်းကိုယူလိုက်.."
"ဟုတ်ကဲ့.."
"သူ..သူဌေးဘာမှမပြောတော့ဘူးလား..."
"ခဗျားတို့မှတ်ထားရမှာက! ငါ့ရဲ့ကုမ္ပဏီက ဘယ်သူ့ကိုမှလာပါ လုပ်ပါလို့အောက်ကျခံပြီးမတောင်းဆိုဘူး..! မရှိရင်ရှိတဲ့လူနဲ့အလုပ်ဆက်လုပ်မယ်....ဒီလိုကုမ္ပဏီအကြီးကြီးက နေ့ချင်းညချင်း အောက်ကိုထိုးဆင်းသွားရအောင်လဲ..ငါက လမ်းဘေးက ကလေကခြေမဟုတ်ဘူး! "
"တောင်း..တောင်းပန်ပါတယ်သူဌေး.."
"ဟက်! ခဗျားတို့မှမဟုတ်ဘူး..ကျနော်နဲ့အလုပ်တွဲလုပ်ချင်တဲ့သူတွေလဲတစ်ပုံကြီးရှိတယ်ဆိုတာမှတ်ထား.."
ပြောပြီးတာနဲ့ထွက်သွားသည့်ထိုလူသား။ ကျော့ကျော့မော့မော့နှင့်ပြသနာမရှိသည့်အတိုင်းပင်။ မျက်နှာထားကိုတည်လျက် ဘယ်အရာကိုမှဂရုမစိုက်တတ်သည့်သူ့ကို လာကျောဖို့တော့ နဲနဲမှတောင်စိတ်ကူးမယဉ်သင့်ဘူး။