[Unicode]
မနက်ခင်းရဲ့ နေရောင်ခြည်ဟာနွေးထွေးမူအပြည့်နှင့်အခန်းသို့ဖြာကျလာသည်။ အိပ်ရာအကျယ်ကြီးပေါ်မှာ သူဟာတစ်ယောက်ထဲ။ ဒါဆို ဘေးမှာအိပ်နေသည့်သူ၏ဒယ်ဒီမရှိဝော့ာဘူးပေါ့။
ဒယ်ဒီကသူ့ရဲ့ဆန္ဒအားလုံးကိုဖြည့်ဆည်းပေးပါသည်။ သို့သော်တစ်ချို့သောနေရာများ၌တော့ ချူပ်ချယ်၍ပေါ့။
"နိုးပြီလား ဘေဘီ"
"ဟုတ်ကဲ့ ဒယ်ဒီ.."
မနက်စာဝိုင်း၌ ဒယ်ဒီကအသားပြားကို ဓါးနှင့်လှီးရင်းလှမ်းပြောသည်။ စားပွဲခုံအကျယ်ကြီး၌ မြောက်မြားစွာသောဟင်းတွေကနေရာယူလျက်ရှိသည်။
ထိုဟင်းတွေကြောင့် သူ၏မျက်လုံးတို့ကလဲ လင်းလင်းလက်လက်နှင့်။ တစ်ခါမှမမြင်ဖူးသောသူ့အတွက်တော့ ဒီစားဝိုင်းကထမင်းတွေ၊ဟင်းတွေက ဆန်းကြယ်မူတစ်ခုဖြစ်နေပေမည်။
"ထိုင်လေ.."
"ဟုတ်.."
ဘေးနားကခုံ၌ ၀င်ထိုင်၍အတွေးတွေက အများကြီးဖြစ်သည်။ ဟင်းတွေအများကြီးက တစ်နည်းရွေးချယ်ရခက်စေသည်လေ။
"မစားခင် ဒယ်ဒီပြောတာကိုအရင်နားထောင်.."
"ဟုတ်.."
ထိုစကားကြောင့် ဟင်းပွဲဆီက အကြည့်ခွာရင်း။ ဒယ်ဒီ့မျက်၀န်းတို့ထံသို့ အရဲစွန့်စွာကြည့်မိသည်။
"ဒီအိမ်မှာ မင်းအကုန်လုပ်ပိုင်ခွင့်ရှိတယ် ဒါမဲ့ဒယ်ဒီရဲ့ ခွင့်ပြုချက်ကိုအရင်ယူရမယ်.."
"ဟုတ်.."
"အထိန်းတော် ဂျင်းဝူကလွဲရင်ကျန်တဲ့ ဘယ်သူ့ကိုမှ ရောဖို့စိတ်မကူးနဲ့ဘေဘီ.."
"ဗျာ.."
"အင်း..နောက်တစ်ခုက ဘာပဲဖြစ်ဖြစ် ပြန်ပြီးမေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး.."
"ဟုတ်.."
ဒယ်ဒီစကားတွေကို နားမလည်သောငြား သူဟာ ပုတ်သင်ညိုလေးတစ်ကောင်လို ခေါင်းငြိမ့်ဆဲပင်။
"ဒယ်ဒီစေလိုတဲ့ နေရာမှာနေပြီး စကားကိုလိမ်လိမ်မာမာနားထောင်..အဲ့တာမင်းတာ၀န်ပဲ"