[Unicode]
"လာပါ ထယ်ယောင်းရာ.. "
နမ်းဂျွန်းသည်ဆော့ဂျင်နှင့်လက်ထက်လိုက်ပြီဖြစ်သည်။ ရူပ်ထွေးသော ဒီ(၂)နှစ်အတွင်းမှာ တစ်ခြားသူတွေကိုလဲ စိတ်မ၀င်စားခဲ့။ ဘယ်လိုမျိူးကြိုက်၍ လက်ထက်သွားလဲ သူတကယ်မသိပေ။
လက်ထက်တယ်ဆိုသည့် စကားလေးကိုကြားရင် လွန်ခဲ့သော ထို(၂)နှစ်က အဲ့နေ့လေး။ ဘေဘီအရမ်းပျော်နေခဲ့တာ။ ဘေဘီရဲ့မျက်နှာလေးဟာ သိပ်ကို ပျော်နေခဲ့တာ။
ဘာလို့များ..ဘာလို့။ ဒီအတွေးတွေကိုပြန်တွေးလိုက်ရင်ဖြင့် သူသေလောက်အောင်နာကျင်ရသည်။ ဘယ်လောက်ပင် နှစ်တွေကြာလင့်ကစား တစ်ရက်ပင် မလျော့ပဲသူလိုက်ရှာခဲ့သည်။ ရှာလို့မတွေ့သော ဘေဘီကို အရမ်းလွမ်းတယ်။
"ထယ်ယောင်း.. "
ယွန်းဂီနဲ့နမ်ဂျွန်းတို့သည် သူ့အားစကားပြောနေစဉ် ရောက်လာသူက သူ့၏အဖေ။
"ဘာလာလုပ်တာလဲ... "
ခပ်ဩရှရှအသံသည် အရင်လိုနားထောင်လို့ ကောင်းနေဆဲ။ သို့သော် ထိုအသံတွေကြား တစ်စုံတစ်ခုကို လွမ်းဆွတ်မူတွေပါ၀င်မှန်း သိနေရ၏။
"သီးသန့်စကားပြောချင်တယ်.. "
Mr.Kimက အိမ်ထဲသို့ ခြေလှမ်းတစ်ချင်း၀င်လာ၍ အေးစက်စွာပြောလာသည်။ နမ်ဂျွန်းနှင့်ယွန်းဂီကလဲ အလိုက်သိစွာ။
"ပြီးမှ ပြန်လာခဲ့မယ် ထယ်ယောင်း.. "
ထယ်ယောင်းကခေါင်းကိုငြိမ့်ပြသည်။ ထိုင်နေသည့်နေရာကနေ မထပဲ အဖေဖြစ်သူအား သူ့အရှေ့၌ထိုင်ရန် မေးငေါ့ပြသည်။ အရင်လို ပျော်ရွှင်မူတွေမရှိတော့ပေမဲ့ အရင်လိုမာကြောဆဲမာနကတော့ ရှိသေးသည်။ ချောင်ကျသွားသော်ငြားလဲ ကြည့်ကောင်းနေဆဲ မျက်နှာကညို့ဓါတ်ပြင်းလွန်းသည်။
ထို့အချိန်၌ထွက်ကျလာသော သူအဖေ၏စကားက လုံး၀အံ့ဩစရာကောင်းလှသည်။
"တောင်းပန်ပါတယ်..ငါအမှန်တိုင်း၀န်ခံရမလား.. "
"ဘာတွေလာပြောနေတာလဲ.."
အရှေ့က အရက်ခွက်အား သောက်ရင်းရင့်သီးစွာပြောသော သားဖြစ်သူ၏စကားကိုရယ်သည်။