Part (8)

2.4K 274 52
                                    

[Unicode]

"နောက်ဆို ငြိမ်ငြိမ်နေ..မဟုတ်ရင် တစ်ခါထဲပါ လမ်းမလျှောက်နိုင်အောင် ရိုက်ချိုးပစ်လိုက်မယ်.."

"ဟုတ်.."

ခြေကျင်း၀တ်တို့ကို ဆေးလိမ်းပေး၍ ဒယ်ဒီကဆူလေသည်။ ကြောက်ဖို့ကောင်းသော ဒယ်ဒီရဲ့အသံတို့ကို တုံ့ပြနည်းက ဟုတ်ကဲ့ဆိုသည်သာ။ ထို့ထက်ပို၍ပြောလိုက်သော် အမှားပါသွား၍ ထပ်ပြီးအဆူခံရမည်ကြောင့်ပေါ့။

ထိုကဲ့သို့ ဒယ်ဒီက တနေ့နှင့်တနေ့ပို၍ကြောက်ဖို့ကောင်းလာသည်။ တစ်ခါတစ်ရံ၌ နူးညံ့သလို၊တစ်ခါတစ်ရံအလွန်ကြမ်းတမ်းသည်။ ဒါသည် ဒယ်ဒီအကျင့်ဖြစ်နေခဲ့ပါပြီ။

"အဲ့အပေါ်က ပြေးမလာနဲ့လို့ ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ! "

"ဟုတ်ကဲ့ဒယ်ဒီ မပြေးတော့ပါဘူး.."

ကြက်ကြော်စားဖို့ခေါ်သောကြောင့် စားချင်စိတ်နှင့် အနာအားမေ့သွားကာ သူပြေးလာမိသည်။

"ထိုင်စား.."

"ဟုတ်.."

ခုံလေးအားဆွဲ၍ မရဲတရဲလေးထိုင်သော ဘေဘီသည် ချစ်ဖို့ကောင်းသည်။သို့သော် ချစ်သော်လဲ အလိုမလိုက်နိုင်ပါ။ လူသားတစ်‌ယောက်ဆိုတာ စည်းဘောင်အတွင်းမှာနေတတ်ရမယ်။

"သခင်ကြီး.."

"အင်း.."

ဂျင်းဝူက အနားသို့လာကာ ဖုန်းပေးလေသည်။

"ပြော.."

"အာ..သခင်ကြီး အိမ်မှာ ဒိုယောင်းဆိုတဲ့ကောင်လေးတစ်ယောက်ရောက်နေပါတယ်.."

ခြံစောင့်ဖြစ်သူ ချွဲဆောင်းဖုန်းလှမ်းဆက်တာဖြစ်လေသည်။ ကိုရီးယားအိမ်၌ ကောင်လေးတစ်ယောက်ရောက်နေသည်တဲ့။

ဒိုယောင်း။ မင်းနာမည်ကိုမကြားချင်ဘူး။မင်းနဲ့လဲမပက်သက်ချင်တော့ဘူး။ ဘာကိစ္စငါ့အိမ်ရောက်လာပြန်တာလဲ။

ဒယ်ဒီသည် ဖုန်းရဲ့စကားကြောင့်မျက်နှာက သိသိသာသာ ပျက်သွားခဲ့ရသည်။ ထို့အပြင်အတိုင်းမသိလဲ ငြိမ်ကျသွားလေသည်။

"ညနေပြန်လာခဲ့မယ်..အိမ်မှာပဲ ထားလိုက်"

"ဟုတ်ကဲ့သခင်ကြီး..."

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Donde viven las historias. Descúbrelo ahora