Part (9)

2.3K 278 115
                                    

[Unicode]

"ဓမ္မတာ လာတယ်..ဒါကဘာစကားလဲ..ယောက်ျားလေးက ဓမ္မတာလာတာ မဖြစ်နိုင်ဘူးမဟုတ်လား.."

ဆရာ၀န်ကို အခန်းပြင်ထွက်ခိုင်း၍ ဧည့်ခန်းသို့ ထယ်ယောင်းခေါ်လာခဲ့သည်။

ထို့နောက် ထယ်‌ယောင်းဆီကထွက်လာသော စကားကြောင့် မင်ဆူနှင့်ဂျင်းဝူတို့ အံ့ဩသင့်ခဲ့ကြရသည်။

"ယောက်ျားလေးရယ်ဆိုပေမဲ့..ဒါကကျနော်တို့အနေနဲ့လဲ သေချာမသိဘူး..ယောက်ျားလေး အယောက်(၁၀၀)မှာ တစ်ယောက်က ဒီလိုမျိုးဖြစ်တတ်ပါတယ်..အတော်လေးတော့ရှားပေမဲ့ပေါ့.."

"အဲ့ဝောာ့ အခုဘာလုပ်မှာရလဲ..ဘာတွေဂရုစိုက်ပေးရမှာလဲ.."

ဆရာ၀န်ကသူ့စကားကို ခပ်ယဲ့ယဲ့ပြုံးသည်။

"အကုန်လုံးက ယောက်ျားလေးပါပဲ..ဘာမှထွေထွေထူးထူးမရှိဘူး..သေချာလေးဂရုစိုက်ပေးရမှာကဝော့ာ တစ်လတစ်ခါ ဓမ္မတာပုံမှန်လာဖို့ပါပဲ..ပြီးတော့ sexပိုင်းနဲ့ဆိုရင်တော့ အကာကွယ်သုံးသင့်တာပေါ့..သူကမိန်းကလေးတွေလို..ကိုယ်၀န်.."

"ရပြီ..ရပြီ.."

ထယ်ယောင်းတစ်ယောက် ထွက်လာတော့မည့် ဆရာ၀န်ရဲ့စကားတို့ကို လက်ဖြင့်ကာပြကာ။

"ဂျင်းဝူ..ဆရာ၀န်ကို လိုက်ပို့လိုက်ပါဦး.."

"ဟုတ်ကဲ့သခင်ကြီး.."

ဆရာ၀န်ကလဲ ပီတီပီတီမျက်နှာဘေးဖြင့် ထွက်သွားလေသည်။ Mafia တွေရဲ့family doctorလုပ်ရတာကလဲ ခက်ရပါဘိ။

ဘယ်လိုမျိုးမျက်နှာပူစရာ စကားကိုလာပြောနေတာလဲ ဒီဆရာ၀န်က။ ထယ်ယောင်းတစ်ယောက် လေပူတစ်ချက်မူတ်ထုတ်လိုက်ရင်း necktieလေးကိုအောက်သို့ဆွဲချကာ ဆိုဖာကို ခပ်လျော့လျော့မှီ၍ထိုင်လိုက်သည်။

"သခင်ကြီး..သခင်လေးနိုးပါပြီ.."

"ဟုတ်လား.."

မင်ဆူကလာပြောသည်ကြောင့် ထယ်ယောင်း ထိုင်နေသည့်နေရာကနေ အခန်းထဲသို့အလျင်အမြန်ထွက်သွားပြန်သည်။ အခန်းထဲရောက်တော့ ပက်လက်လေးကနေ ဘေဘီက သူ့ကိုလှမ်းကြည့်နေသည်။

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Donde viven las historias. Descúbrelo ahora