[Unicode]
ထိုအမျိုးသမီးသည် ဒယ်ဒီ့အားတိုင်လိုက်တော့ ဒယ်ဒီမျက်ခုံးတို့သည် တွန့်ချိုးသွားသည်။
"ဟိုနားလေးမှာ သွားထိုင်နေဘေဘီ.."
ဆိုဖာလေးကို မေးငေါ့ပြ၍ သူ့ကိုသွားထိုင်ခိုင်းသည်။ ဒယ်ဒီကတော့ ထိုမိန်းမကလေးအား necktieကိုဖြေချရင်း စိုက်ကြည့်နေသည်။
"ပတ်ခ်အယ်ရာ.."
"ရှင်.."
သူဌေးသည် သူတိုင်လိုက်သည်ကို ထိုကောင်လေးအားမဆူပဲ သူ့ကိုပင်ဆူတော့မည့်အတိုင်း။
"ထွက်စာတင်ခဲ့ပါ..."
"ရှင်! ကျမ..ဘာ..ဘာအမှားလုပ်လို့လဲ သူဌေး.."
"သူဌေးက ထွက်ဆိုထွက်လိုက်ပါအမ.."
မင်ဆူက ၀င်ပြောတော့ ထိုအမျိုးသမီးကပြန်ပြောသည်။
"ကျမ အမှားမှမရှိတာ အကြောင်းပြချက်ကဘာလဲ.."
"ခဗျားတို့၀န်ထမ်းတွေရဲ့အဖြေကို ဖြေပေးဖို့ ကျနော့်မှာ အချိန်မရှိဘူး.."
"ဟက်!ထွက်ဆိုတော့လဲ ထွက်တာပေါ့..ဒုန်း!"
တံခါးအား အကြမ်းပတမ်းပိတ်ပြီးထွက်သွားသော ထိုအမျိုးသမီး။ တံခါးကိုဆောင့်ပိတ်လိုက်သည်ကြောင့် သူ့ခန္ဓာလေးပင် တုန်တက်သွားရသည်။
"မင်ဆူ..ဒီစာရင်းတွေသွားပို့ပါ.."
"ဟုတ်ကဲ့.."
စားပွဲပေါ်၌တင်ထားသော စာအုပ်အထပ်လိုက်ကြီးကို ယူ၍မင်ဆူကထွက်သွားလေသည်။
မင်ဆူထွက်သွားဝောာ့မှ..
"ဒီကိုလာပါဦးဘေဘီ.."
ဒယ်ဒီက ထိုင်နေသော ဆိုဖာကနေ သူ့အားလှမ်းခေါ်သည်။ သူသည်လဲ ခပ်သွက်သွက်လေးသွားရင်း အနား၌မတ်တပ်ရပ်တော့..
"ဘယ်မုန့်ကိုခိုးစားတာလဲ.."
"ဟို.."
"ဒီ kookieဘီစကစ်တွေလား.."
စားပွဲအရှေ့ကမုန့်ထုပ်တို့အားထောင်ပြ၍ဒယ်ဒီက ပြောသည်။
"နဲနဲလောက်စားချင်လို့..."
နူတ်ခမ်းထော်ထော်လေးနှင့်ဘေဘီက သူ့အား နဲနဲလောက်စားချင်လို့တဲ့လေ။ သူသည်လဲခပ်ကျဲကျဲရယ်ရင်း ထိုမုန့်ထုပ်အား ဖောက်ပေးလိုက်သည်။ တကယ့်ကလေးပဲ။