Part (17)

2.1K 247 65
                                    

[Unicode]

သခင်လေးနဲ့ သခင်ကြီးရဲ့ မင်္ဂလာပွဲကြောင့် အိမ်တော်ထဲမှာ အကုန်လုံးအလုပ်တွေရူပ်နေကြသည်။နောက်ဆုံးတော့ သခင်ကြီးတောင် ယောက်ျားရသွားပြီပဲ။

သက်ပြင်းချရင်း အိမ်စေတွေကိုညွှန်ကြားနေသော ဂျင်းဝူက စိတ်မကောင်းဟန်။ သူ့အတွေးထဲမှာ စိတ်မကောင်းမူနှင့်အတူ စိုးရိမ်မူ‌တို့က ကြီးစိုးသွားပြန်။

"ဒိုယောင်း။ သူလဲ ဒီသတင်းကိုကြားမှာပဲလေ။ ဘာလို့ သူကငြိမ်သွားတာလဲ.. "

သံသယ မကင်းစိတ်နဲ့ ဂျင်းဝူတစ်ယောက် လုံခြုံရေးတွေထပ်၍တိုးမြင့်လိုက်သည်။

___________________

ဒီနေ့သည် ဒယ်ဒီနှင့်သူ၏မင်္ဂလာပွဲကလေး။

ဒယ်ဒီသည်စီးပွားရေးလောကမှာ မသိသူမရှိသည်မို့ သူတို့ရဲ့မင်္ဂလာသတင်းလေးက တစ်နိုင်ငံလုံးကို အုံးအုံးကြွလို့။ သမ္မတကြီးကအစ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့‌စေသသည်။

ဟိုးတလောက သူအက်စီးဒန့်ဖြစ်တုန်းကပင် လိုက်နေသော အမူသည် အခုထိမသိသေးပါ။ ဒယ်ဒီသည်အခုထိ စုံစမ်းနေပေမဲ့ ဘာသဲလွန်စမှ မရှိသည်မို့ အတော်လေးဒုက္ခဖြစ်သွားရသည်။သို့သော် သမ္မတကြီးက အာမခံချက်ပေးပါသည်။ "ရအောင်တွေ့စေရမည်"တဲ့လေ။

ထို့သို့ပဲ အစတုန်းကလဲ လက်ထက်မှတ်ပုံတင် မရဘူးဟုဆိုသည်။ ဒါသည်ပင် အစိုးရ၏အမှားမဟုတ်။ သူ့အသက်ကလေးက (၁၈)နှစ်မှမပြည့်သေးတာကို။ သို့သော် အရှိန်အဝါကြီးသော ဒယ်ဒီ၏မျက်နှာနှင့် ချက်ချင်းရလေသည်။

ကျနော့်ရဲ့ ဒယ်ဒီက ဩဇာအာဏာရှိလွန်းပါ၏နော်။

"ဘေဘီ.. "

"ဗျာ.. "

အလှအပပြင်နေသော ကျနော်ရဲ့ကလေးလေးက ပျော်နေဟန်။ မိတ်ကပ်ပြင်ပေးနေသော လူတို့ကို လက်နှင့်ကာပြလိုက်တော့ ထွက်သွားကြသည်။

"ပျော်နေတာလား.."

"ဒီမှာကြည့်.. "

ဘေဘီက သူ့ရဲ့လက်လေးနှစ်ဖက်ကို ရှေ့သို့တိုးပေးသည်။ ကြောင်သွားကာ ကိုင်လိုက်တော့ အေးစက်နေတာ။ ပြောချင်တာက အရမ်းကိုရင်တွေခုန်လို့ လက်တွေတောင် အေးစက်နေသည်လို့ပေါ့။

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Donde viven las historias. Descúbrelo ahora