Part (21)

2.4K 257 75
                                    

[Unicode]

"သခင်ကြီးအဖွဲ့မူးဂျောင်အောက်မှာရောက်နေပါတယ်...အရေးကြီးပြောစရာရှိတယ်ပြောခိုင်းလိုက်တယ်.. "

"အွန်း အခုလာမှာမို့ အရင်ဆင်းနှင့်.. "

"ဟုတ်! "

ဘေဘီက မင်ဆူထွက်သွားသော သူ့ကိုစူးစူးစမ်းစမ်းကြည့်လာ၏။

"ဂျင်းဝူနဲ့ခနနေခဲ့နော်..ဘေဘီက"

"ဘယ်သွားမို့လဲဟင်.."

ဆံပင်လေးတွေအား နားကြားထဲသို့ သပ်ပေးတော့ နားထင်နား၌ ညိုမဲစွဲရာလေးသည် ရင်ထဲကိုဆူးအောင့်နေအောင်။ ဒါတွေက ရှော့ရိုက်ထားဖြစ်မည်။ ဘယ်လောက်တောင်နာကျင်နေခဲ့လဲကွယ်။ ညိုမဲတောင်စွဲနေသည်အထိ။

"အောက်မှာ မုန့်တွေဘေဘီအတွက်သွားယူပေးမို့.. "

"အာ့ဆို ကျနော်လဲလိုက်မယ်လေ.."

"ဘေဘီက နေမှမကောင်းတာ အခန်းထဲမှာပဲနေနော်...ဒယ်ဒီကယူလာပေးမယ် "

"မြန်မြန်လာနော်.. "

"ဟုတ်ပါပြီဗျာ.. "

ဘေဘီရဲ့အခန်းထဲကို ဂျင်းဝူကိုထည့်ခဲ့ပြီး ထွက်ခဲ့လိုက်သည်။ အောက်သို့ရောက်တော့ ‌ဟိုဆော့ကထိုင်ခုံမှစောင့်နေသည်လေ။

"လာပြီလား.."

"အရေးကြီးပြောစရာရှိတယ်ဆို.. "

"အင်း..ဂျောင်ကုရဲ့ဆေးစစ်ချက်အဖြေရပြီ၊ဂျောင်ကုက ရှေ့ာတ်ိုက်ခံရတယ် အရိုက်ခံထားရတယ်.. ကျောပြင်ဘက်မှာ အရာတွေတွေ့တယ်..‌ ခြေတွေ၊လက်တွေမှာ ကြိုးတုပ်ထားခံရတဲ့ ညိုမဲစွဲရာတွေ တွေ့ရတယ်..ပြီး‌တော့ ထူးခြားတာက ဆေးစစ်ချက်ထဲမှာ ဂျောင်ကုက rapeခံရတယ်လို့ မသတ်မှတ်ထားဘူး.. "

"ဟင်...ဒါမဲ့ "

"ဟုတ်တယ် လိင်အင်္ဂါမှာဘာအနာအဆာမှာ မတွေ့ခဲ့ရဘူး...ဒါကြောင့် သူက rapeခံရတယ်လို့ မသတ်ဘူး..သူ့ရဲ့ဝှဲဘက်ရင်အုံတွေကတော့ ရောင်ကိုင်းနေပြီး ညိုမဲစွဲနေတယ်..သူတို့လက်တွေနဲ့ အတင်းဖိချေထားတာဖြစ်မယ်.. "

"ဒါမဲ့ စိတ်ဆေးရုံက ဆရာ၀န်က.. "

"သူတို့ပေါင်းပြီးလုပ်ကြံထားတာ..အဲ့ဆေးရုံအကြောင်းပါ ပြောပြမယ်..သူတို့က ဂျောင်ကုကို အမှောင်ခန်းထဲမှာ တစ်နေ့လုံးပိတ်ထားတာ..ငါတို့အဲ့ဆေးရုံကိုပါ ဖမ်း၀ရမ်းထုတ်ထားတယ်.. "

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Wo Geschichten leben. Entdecke jetzt