Part (10)

2.5K 273 117
                                    

[Unicode]

အနီရောင် ခပ်ဟော့ဟော့ဒီဇိုင်းပုံစံအင်္ကျီနှင့်ချွန်ထက်နေသည့် ဒေါက်ဖိနပ်ကိုစီးထားသော ထိုမိန်းမသည် ဒယ်ဒီအနားသို့ တစ်လှမ်းချင်းလျှောက်လာသည်။

"မင်း! "

"ဘာလုပ်ချင်လို့လဲ.."

အေးအေးဆေးဆေးပဲပြောနေသော ဒယ်ဒီနှင့်။ တစ်ဖက်က ဒေါသတွေလိူက်တက်နေသော မိန်းမ။

"ငါပြောထားမယ်! ငါ့သားကိုနောက်တစ်ခါ အခုလိုဖြစ်အောင်လုပ်ရင်..မင်းကိုငါကိုယ်တိုင်သတ်မယ်!'

"ကျနော့်အိမ်ရိပ်ကိုနင်းပြီး ကျနော့်ကို လာခြိမ်းခြောက်နေအောင် ခဗျားကို ခဗျားဟုတ်လှချည်ထင်နေလား..ဒေါ်ဂျူအွန်း"

"ငါက မင်းအမေထက်တော့ အဆင့်အတန်းရှိပါသေးတယ်.."

"ဖြောင်း!"

"အမေ! "

တစ်ချိန်လုံး ခပ်အေးအေးသာပြောနေသော ဒယ်ဒီက ထိုမိန်းမရဲ့စကားကြောင့် ဒေါသထွက်ကာ ထိုမိန်းမရဲ့ပါးအား ရိုက်ချပစ်လိုက်သည်။

ပွယောင်းသွားသော ဆံပင်တို့နှင့်ထိုမိန်းမက စူးရဲစွာ ဒယ်ဒီအားကြည့်သည်။ မေးရိုးကိုတင်းနေအောင် စိထားသောဒယ်ဒီဟာ လဲ ဒေါသအရမ်းထွက်နေတယ်ဆိုတာသိသာပါသည်။

ယောက်ျားသားအားမို့ နူတ်ခမ်းထိပ်ကနေ သွေးတို့စီးကျလာသည့် အမျိုးသမီး။ထိုအမျိုးသမီးက သွေးထွက်နေသောနူတ်ခမ်းစပ်ကို လက်မဖြင့်ဖိကာ..

"မင်း! အလှည့်ကျမနွဲ့စတမ်းပဲ ကင်မ်ထယ်ယောင်း! ငါ့ပါးကိုရိုက်တယ်ဟုတ်လား..အေး..မင်းအဲ့လောက်တောင် ဖြစ်နေတဲ့ မင်းအကောင်ရဲ့ပါးကို မင်းအရှေ့မှာ ငါရိုက်ပြမယ်.."

"ဒီကျက်သရေမရှိတဲ့ဟာတွေကို ဆွဲထုတ်ကြမဲ့လူမရှိကြဘူးလား! "

ဟိန်းထွက်လာသော ဒယ်ဒီ၏အသံကြောင့် မင်ဆူနှင့် နောက်ထပ်အနက်ရောင်၀တ်ရုံနှင့်လူများရောက်လာသည်။ ထိုအကိုက သူ့အမေအား အစောင့်တွေကို မဆွဲခင် ပြန်ရန်အတင်းဆွဲခေါ်နေသည်။

"ပြန်ရအောင်..အမေ"

"တောက်စ်* ခွေးထက်တောင် ဦးနှောက်မရှိတဲ့ လူယုတ်မာကောင်.."

𝓓 𝓐 𝓓 𝓓 𝓨 !  [Completed]Donde viven las historias. Descúbrelo ahora