အပိုင်း(၁)uni , zawgyi

2.2K 83 1
                                    

Unicode

At 8:00

"မောနင်း မာမီ"

ထည်ဝါရှင်း ဒီမနက်သူငယ်ချင်းက ပြောစရာရှိလို့
ဆိုင်ဝင်ခဲ့ပါဆိုလို့ ရှင်းဧည့်ခန်းမှာထိုင်နေတဲ့ မာမီကို  နှုတ်ဆက်လိုက်သည်။

"မောနင်း သားလေး ဒီနေ့ကိစ္စတွေက အရေးကြီးလားသား"

"သိပ်တော့မကြီးပါဘူးမာမီရဲ့ မိုးဝေကသူ့ ဆိုင်ကိုခဏလာခဲ့ပါဆိုလို့ ။ ပြီးတော့ ဆိုက်တစ်ခုကို သွားစစ်ရမှာ။
ဘာလို့လဲ မာမီ"

"အဟင်း ဘာမှမဖြစ်ပါဘူး မာမီသားက အရွယ်ရောက်နေပြီလေ "

"ဟာဗျာ မာမီကလည်း ကျွန်တော်က အခုမှ၂၅ဘဲရှိပါသေးတယ်ဗျ"

ရှင်းလည်း လည်ပင်းကိုပွတ်သပ်ပြီး အရှက်ဖြေနေရတယ်။
မာမီဘယ်ကို ဦးတည်နေမှန်းလည်းသိတယ်။

ဒီသားတစ်ယောက်ဘဲရှိတာကို အတင်းလက်ထပ်ခိုင်းနေတာဘဲ။

"ဟုတ်ပါပြီ မနက်ဖြန်စနေနေ့လေ သားအန်တီသွေး
က ထမင်းစားခေါ်ထားတယ်။ သမီးလေး ကလျာလေးလည်း ပြန်ရောက်နေပြီတဲ့"

"ဟုတ်ကဲ့ပါဗျာ သားနောက်ကျနေပြီ သွားတော့မယ်"

ရှင်း လည်းမာမီကို ပွေ့ဖက်ပြီး အဆင်သင့်ဖွင့်ထားတဲ့
ကားထဲကို ဝင်ထိုင်လိုက်ကာ  ကားစက်နှိုးပြီး မိုးဝေဆိုင်ကို ဦးတည်မောင်းလိုက်တယ်။
ဒေါ်မေရှင်းသန့် သားထွက်သွားတာနဲ့  ခြံထဲဆင်းကာ ဒန်းပေါ်ထွက်ထိုင် နေလိုက်တယ်။

ကျွီ...
"အကိုလေး ရောက်ပြီလား အထဲမှာ ကိုမိုးစောင့်နေတယ်ဗျ"

မိုးဝေရဲ့တပည့်က ရှင်း ကိုခေါင်းညွတ်လျက် ပြောလာသည်။ရှင်း လဲခေါင်းဆတ်ပြလိုက်ပြီး မိုးဝေရဲ့အလုပ်ခန်းကို ဝင်သွားလိုက်သည်။

"ဒေါက် ဒေါက်
"

ရှင်းလဲ တံခါးနှစ်ချက်ခေါက်ပြီး တံခါးဖွင့်ဝင်လိုက်
တယ်။

"မိုးဝေ မင်းပြောစရာရှိတယ်ဆို ဘာပြောမှာလဲ"

"ဪ ရှင်း လာထိုင်။မင်းနဲ့တိုင်ပင်စရာရှိလို့"

ရှင်းလဲ ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီး မိုးဝေကလဲရှင်းနဲ့
မျက်နှာချင်းဆိုင် ဝင်ထိုင်လာသည်။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now