အပိုင်း(၁၇) uni, zawgyi

348 13 1
                                    

Unicode

စစ်သွေး မျက်လုံးတွေက အရှေ့မှာရှိတဲ့ ပုစွန်အ
ကောင်ကြီးဆီမှာ လက်နဲ့ဖဲ့စားချင်ပေမယ့် ဧည့်သည်တွေရှိတာကြောင့် တစ်ကောင်ကို သစ်ရှူးနဲ့ဖယ်ထားပြီး တစ်ခြားမုန့်တွေကိုဘဲ စားနေလိုက်တယ်။

နေ ခြံထဲမှာ လျှောက်ပတ်ကြည့်နေတုန်း ဘူဖေးဝိုင်းမှာ ကြိတ်ပြီးစားနေတဲ့ကလေး တစ်ယောက်။ထိုကလေးက ခေါင်းမဖော်တမ်းစားနေပေမယ့် မျက်လုံး
က အရှေ့က ပုစွန်ဆီမှာ။

“အဟက် ချစ်ဖို့ကောင်းလိုက်တာ”

နေ ကြည့်နေရင်းနဲ့ မျက်နှာကို
တဖြည်းဖြည်းမြင်လိုက်ရတော့ မနက်က နေ နဲ့တိုက်မိတဲ့တစ်ယောက်။

နေလည်း ထိုကောင်လေးနားကိုလျှောက်သွားပြီး
ဘေးက ခုံမှာဝင်ထိုင်ပြီး ကြည့်နေလိုက်တယ်။
အစားကိုဘဲ အာရုံရတဲ့ကောင်လေးက နေ ကြည့်တာသိသွားလို့ထင်တယ် မုန့်ကိုပါးစပ်ထဲထိုးထည့်ပြီး လှည့်ကြည့်လာ တဲ့ချာတိတ်။

“ဖူး အဟွတ် အဟွတ်”

“ဟာ ချာတိတ် ဖြည်းဖြည်းလေကွာ ရော့ ရေသောက်လိုက်အုံး”

စစ်သွေး အရှေ့က အစ်ကိုပေးတဲ့ရေခွက်ကို လှမ်းယူပြီး မော့သောက်လိုက်တယ်။ပါးစပ်ထဲရောက်လာတာကရေ မဟုတ်ဘဲရှန်ပိန်ကြီးဖြစ်နေတာကြောင့်
အတွင်းသားတွေတောင် ပူချင်လာတယ်။သူကလည်းရေထင်ပြီး အကုန်မော့ သောက်မိတာကိုး။

“ချာတိတ် အဆင်ပြေရဲ့လား မင်းမျက်နှာတွေ နီနေပြီ”

“ဟုတ်ကဲ့ အဆင်ပြေပါတယ်။”

“ဒါနဲ့ ချာတိတ် ကိုယ့်ကိုမှတ်မိတယ်မလား မနက်ကတိုက်မိသေးတယ်လေ”

“အော် မှတ်မိပြီး မနက်က တစ်ယောက်”

စစ်သွေး မျက်နှာ‌တွေနီပြီး လူကယိုင်နဲ့နဲ့တောင် ဖြစ်ချင်နေပြီ။ရှန်ပိန်က အဲ့လောက်ပြင်းလို့လား။ဝိုင်လောက်ဘဲသောက်ဖူးတာကြောင့် စစ်သွေးက တစ်ခွက်နဲ့တင် မူးနေပြီ။

“အင်း ကိုယ့်နာမည် နေမင်းပိုင် ။ချာတိတ်ကရော”

“ကျွန်တော်က မိုးမြတ်စစ်သွေး။ချာတိတ် ဟုတ်ဝူး”

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Tempat cerita menjadi hidup. Temukan sekarang