အပိုင်း (၉)uni , zawgyi

462 25 1
                                    

Unicode

တီ တီ တီ

ညာန ကားဟွန်းသံကြားရတာကြောင့် အတွေးတစ်ချို့ကိုရပ်ပြီး ခြံတံခါး အမြန်ပြေးဖွင့်လိုက်တယ်။
ကားလေးက ခြံထဲကို မောင်းဝင်လာတော့ ညာနလဲတံခါးပိတ်ပြီး ပစ္စည်းတွေဝိုင်းချပေးဖို့ သွားကူဖို့ပြင်လိုက်တယ်။

"မမ လာ ဖြည်းဖြည်းဆင်း ခြေထောက်ကို ဂရုစိုက်"

စစ်သွေး မမကို ကူတွဲရင်း ပြောတော့ မေမေက မျက်စောင်းလှမ်းချိတ်လာသည်။

ဧည့်ခန်းထဲမှာ မမကိုထိုင်ခိုင်းလိုက်ပြီး ပစ္စည်းတွေကိုကားပေါ်က ချပြီးတော့မှ စစ်သွေး မမနားမှာ ဝင်ထိုင်လိုက်သည်။

"အငယ်လေး ကိုရှင်းကိုစိတ်‌ကောက် နေတုန်းလား"

"ဗျာ မဟုတ်ပါဘူး သားတို့အဆင်ပြေပါတယ်"

စစ်သွေး နဲ့ကိုကိုကမနက်ကတောင် နမ်းခဲ့ကြတာမဟုတ်လား။

"ဟုတ်လား အဆင်ပြေတယ်ဆိုတာက..."

"ဟို မမ သားတောင်းပန်ပါတယ်နော်။သား မရည်ရွယ်ဘဲ ကိုကို့ ကိုချစ်မိသွားလို့"

"အဟင်း အငယ်လေးကဘာတောင်း ပန်နေတာလဲ။တောင်းပန်သင့်တာ မမပါ။
မမ အငယ်လေးကို တောင်းပန်တယ်နော်"

"ဗျာ  မမက ဘာလုပ်လို့တောင်းပန်မှာလဲ။သားကမမ နဲ့စေ့စပ်မယ့်သူကို.."

"ကိုရှင်း ကလက်မခံဘဲ ငြင်းထားတာလေ။အဲ့ကြောင့်ပွဲက ဖြစ်လာမှာ မဟုတ်ဘူး။ဒါကြောင့်အငယ်လေးမမှားဘူး ။စိတ်ထဲမထားနဲ့"

"မမ ကျေးဇူးတင်ပါတယ် သားကိုနားလည်ပေး လို့  အီး..ဟီး..."

"မငိုရဘူးလေ ငယ်လေးရဲ့ ဟော ကလေးကျနေတာဘဲ။ရည်းစားတော့ ထားပြီး ကလေးစိတ်မကုန်သေးဘူးလား"

စစ်သွေး မမကို ဖက်ထားလိုက်ပြီး မမရဲ့အင်္ကျီတွေနဲ့မျက်ရည် သုတ်လိုက်တယ်။
တံခါးအကွယ်ကနေ ခိုးနားထောင်နေတဲ့ ညာနအတွက်ကတော့ မျက်နှာမှာအပြုံးဝေဆာစေတယ်။
သူ့အတွက် အခွင့်အရေးပိုရတာပေါ့။

"ကဲ ဒီကလေးနှစ်ယောက်နောက်လည်း တွေ့ကြမှာဘဲကွယ် ။သားငယ်လေး မင်းရဲ့ မမ နားပါစေအုံး"

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Onde histórias criam vida. Descubra agora