အပိုင်း (၈)uni , zawgyi

481 25 0
                                    

Unicode

ဒီနေ့ ကလျာဆေးရုံက ဆင်းလာမှာကြောင့် ခြံထဲမှာရှိတဲ့ပန်းတွေကို ဖြတ်ပြီးဧည့်ခန်းထဲမှာ ပန်းတွေထိုးထားပေးလိုက်တယ်။ကလျာက နှင်းဆီပန်းရနံ့ကိုပိုကြိုက်တယ်မလား။ဧရာ ဖုန်းဆက်ထားတာကြောင့် နောက်ထပ်နာရီ ဝက်လောက်ဆို ပြန်ရောက်လာပြီ ဖြစ်
မည်။

ကလျာက မနက်ဖြန်ဆင်းရမှာကို ဒီနေ့ဆင်းချင်ပါတယ်လို့ပြောတာကြောင့် ဧရာက ဂုဏ့်ဆီဖုန်းဆက်လာပြီး ခွင့်တောင်းတော့ ဂုဏ်ကိုယ်တိုင် ကလျာနဲ့
တွေ့ချင်တာမို့ ဆင်းခွင့်ပေးလိုက်တယ်။

ဂုဏ်တစ်ခြံလုံးက ပန်းပင်တွေကို ရေလောင်းပြီး တစ်ခါတည်း ရေချိုးလိုက်သည်။ထို့နောက် ရှပ်လက်ရှည်တစ်ထည်ကို ထုတ်ဝတ်လိုက်ချိန်မှာ ပြုတ်ကျလာသော လည်စီးပုဝါတစ်ထည်။

ထိုလည်စီးလေး‌ကို ကောက်ယူကာ ဖြန့်ချလိုက်ပြီးချည်အနီလေးနဲ့ထိုးထားတဲ့  Thway ဆိုတဲ့စာလုံးလေး ကိုလက်နဲ့ဖွဖွထိလိုက်ပြီး နှုတ်ခမ်းဟာ ပြုံးရိပ်
သန်းလာတယ်။ကလျာသာ ဒီပုဝါလေးကို တွေ့ခဲ့ရင်မှတ်မိလာနိုင်မှာလား?

(လွန်ခဲ့သော လေးနှစ်ခန့်က.)

"ဂုဏ် မင်းဒီညအားလား"

"ငါက အားပါတယ်။ဘာလို့လဲ ပြီးတော့ မင်းဒီည
ဂျူတီရှိတယ်မလား"

"အေ ငါဂျုတီရှိတယ် မင်းငါ့အစားဝင်ပေးပါလား"

"ဘာ!

"ဟာ တိုးတိုးလုပ်ပါကွ စီနီယာတွေ ကြားသွားကုန်မယ်"

"ကြားပါစေပေါ့ကွ ငါက ဘယ်သူလဲ"

"ဟုတ်ပါပြီကွာ မင်းကဆေးရုံအုပ်ရဲ့မြေးပါ ငါ့အစားဝင်ပေးနော်။ ငါ့ အသည်းလေးကလဲ"

"အီး....အဲ့လိုမခေါ်နဲ့ကွ ကြက်သီးထတယ်။
ဟိုတစ်ခေါက်ကလဲ မင်း အိမွန်ကို အစားဝင်ခိုင်း
တယ်"

"လုပ်ပါကွာ ငါ့အသက်ကလေး ရတီလှိုင်းက တွေ့ဖို့ခေါ်နေလို့"

"ဘာ ဘာ ရတီလှိုင်း ? ဟိုတစ်ပတ်ကကျ ဋီကာသင်းဆို ဧရာ နင်ဘာလုပ်တာလဲ"

အိမွန်က အခန်းထဲဝင်လာပြီး ဧရာရဲ့နားရွက် ကိုဆွဲကာ ပြောလာသည်။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Tahanan ng mga kuwento. Tumuklas ngayon