အပိုင်း (၂၃)uni , zawgyi

318 12 1
                                    

Unicode

(သုံးလခန့် ကြာပြီးနောက်)

“မမ ဘာစားချင်သေးလဲ”

“အင့်ဟင်း မစားတော့ပါဘူး ငယ်လေးရဲ့ ကိုရှင်းရော လာမခေါ်သေးဘူးလား”

“ဟာဗျာ ကျွန်တော်က မမနဲ့နေပေးမလို့ပါဆို အဲ့
စကားပြောတာ ဒါပါရင် ငါးခါလောက်ရှိနေပြီ”

“အဟင်း ငယ်လေးက စိတ်ပူတတ်နေလို့လေ"

“စိတ်မပူလို့ရမလားဗျ မမက မွေးရက်ရောက်ခါနီးနေပြီ။ ပြီးတော့ အစ်ကိုဂုဏ်ပြောတာ စောစောလဲမွေးနိုင်
တယ်လေ”

“ဒီမှာက ဆရာဝန်တွေအများကြီးဘဲရှိပါတယ် ငယ်လေးရယ်။”

ကလျာ မွေးရက်ရောက်တော့မှာမို့ ဆေးရုံကြိုတက်ပြီးကတည်းက ငယ်လေးက ဆေးရုံကို အသွားအပြန်လုပ်နေလေတယ်။

ဂုဏ်ကလည်း ဆေးရုံမှာဘဲ အဖော်
နေပေးတယ်။ဖေဖေနဲ့မေမေကတော့ တစ်ပတ်တစ်ခါလာကြည့်ပေးတယ်။

“ဟင် မိုးမြတ် မပြန်ရသေးဘူးလား"

“လုပ်ပြန်ပြီနောက်တစ်ယောက် ကျွန်တော်မပြန်ဘူးဆိုဗျာ”

“ဟော်ဗျာ ကိုရှင်းနဲ့ ရန်ဖြစ်ထားကြတာလား"

“မဖြစ်ပါဘူးဗျ ကျွန်တော်က လာမကြိုခိုင်းတာ မမနဲ့နေဖို့"

စစ်သွေး ပြောပြီး မမအတွက် အသီးတွေခွဲပေးနေလိုက်တယ်။

Ring Ring

“ဟဲလို ဂုဏ် ဘာကိစ္စရှိလို့လဲ”

“ကိုရှင်းရဲ့ အမျိုးသားကို လာခေါ်ပေး”

“ဟင် ကလေးက ကလျာနဲ့အတူအဖော်နေပေးမှာဆို”

“ဟာဗျာ ကိုရှင်းကလည်း ကျွန်တော် တစ်ယောက်လုံးရှိတယ်လေဗျာ ။ အခုထိ မ အနားကိုကျွန်တော် မကပ်ရသေးဘူး”

“အဟက် ဟုတ်ပါပြီကွာ ငါလာခဲ့မယ်”

“ပြီးရောဗျာ ဒါဘဲ ကျွန်တော်ဆက်လာတာမပြောနဲ့နော်”

“အိုခေ နောက်မှတွေ့မယ်”

ရှင်း နေ့လည်က ကလေးကို ဆေးရုံမှာ သွားပို့ထားပြီးရှင်းကတော့ ဆိုင်မှာ မိုးဝေနဲ့ အသစ်လုပ်ရမယ့် project တစ်ခုကို အကန့်ချထားကာ အလုပ်တွေကို
လက်စသတ်တော့ ညနေပင် ရောက်လုနီးနီး

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Tahanan ng mga kuwento. Tumuklas ngayon