အပိုင်း (၁၄) uni, zawgyi

382 14 0
                                    

Unicode

ဒီနေ့ ရှင်းတို့ပြင်ဦးလွင်ကိုရောက်တာ လေးရက် ရှိသွားပြီ။ကလေးက သုံးရက်လောက် ဖျားသွားတာကြောင့်ရှင်း ကလေးနားမှာ ပြုစုပေးနေရင်း လာရင်းအလုပ်ကိစ္စက မလုပ်ရသေး‌ပါ။

မနေ့ကလည်း ကလေးကအပြင်ထွက်လည်  ချင်တာကြောင့် ကလေးနဲ့အချိန်ဖြုန်းနေရင်း ဒီနေ့တော့ ရှင်း အလုပ်ဖြတ်ရတော့မယ်။

"ကလေး ကိုကို ဒီနေ့အပြင်သွားမို့ ဘာမှာမလဲ"

အိပ်ရာက မထဘဲ ရှင်းရေချိုးခန်းထဲက ထွက်တာနဲ့ဒီကလေးက ရှင်းကိုမျက်လုံး ဒေါက်ဒေါက်လိုက်ကြည့်နေတယ်။
တစ်ခါတစ်လေ မျက်နှာလေးကမဲ့ပြီး နှုတ်
ခမ်းလေး စူနေတတ်သေးတယ်။

"ဘာမှမမှာဘူး ဟွန့်"

စစ်သွေး ပြောပြီးမျက်နှာကိုတစ်ဖက်လှည့် လိုက်တယ်။ကိုကိုက ဒီနေ့အရမ်းခန့်နေတာ အနောက်တိုင်းဝတ်စုံမီးခိုးရောင်ကို ဝတ်ထားပြီး ဆံပင်ကိုလှန်တင်ထားပေမယ့် အရှေ့မှာ ကပိုကရိုကျနေသေးတယ်။ကိုကို့ရဲ့တည်နေတဲ့ မျက်ဝန်း စေ့ပိတ်နေတဲ့နှုတ်ခမ်း လျော
ဆင်းလာပြီး ချွန်နေတဲ့မေးစေ့လေးကအစ ဆွဲဆောင်မှုရှိနေတယ်။

စစ်သွေး တွေးနေရင်း အာခေါင်ခြောက်လာတာ
ကြောင့် တံတွေးမြိုချလိုက်တယ်။

"ကလေးကလည်းကွာ ကိုကိုဒီနေ့တစ်ရက်ဘဲ အလုပ်လုပ်မှာလေ နော် ပြွတ်

ညတုန်းကပြောတာတော့ သွားပါဆို ကလေးက ဟင်"

စစ်သွေး ညတုန်းကအကြောင်းကိုကိုပြောမှ သတိရတယ်။ဒီနေ့ လုပ်စရာလေးရှိတာဘဲ။

"ဟုတ်ကဲ့ ကိုကို သွားနော် ကလေးက နောက်နေတာပါ။ဟီး ကိုကို ကြာကြာနေနော်"

"ဟမ် ကြာကြာနေဆိုတော့ ကလေးက ဘာလုပ်မှာလဲ"

"ဟင် ဘာမှမလုပ်ပါဘူး ဟို မြန်မြန်ပြန်လာလို့ ပြောတာ နောက်ကျနေပြီ သွားတော့နော်"

"ဟုတ်ပါပြီဗျာ ကိုကိုသွားတော့မယ် ကိုကို့ကိုနမ်းအုံး"

"ပြွတ် ပြွတ် ပြွတ်"

စစ်သွေး ကိုကို့ကို သုံးချက်လောက်နမ်းပေးတော့
ကိုကိုက ပြုံးပြီး အခန်းထဲကထွက်သွားတယ်။မနက်စာလည်း မစားသွားဘူးထင် ။စစ်သွေး လိုက်ကာကို ဖွင့်ပြီးဝရတာဘက်ကနေအောက် ကိုငုံ့ကြည့်လိုက်တော့ ကိုကိုက ကာရံကို ဘာမှာမှန်း‌‌တော့မသိ ကာရံက ပြုံးစိစိနဲ့။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now