အပိုင်း(၁၉)uni , zawgyi

348 13 1
                                    

Unicode

“ကိုကိုရေ မပြီးသေးဘူးလားဗျာ ။‌အဲ့ကြောင့်ပြောတာပေါ့ စောစောထပါဆို”

“ပြီးပါပြီဗျာ ....ကလေးက ညဘက်ဆို အိပ်မှမအိပ်ဘဲ။"

“ကျွန်တော်မအိပ်လည်း ခင်များအိပ်လို့ရတာဘဲဟာ။
သွားမယ်ဗျာ "

“ဟင်း ...ဒီကလေးကတော့လေ သူမနိုင်တာနဲ့ စကားကလွဲရော”

ဒီနေ့ ရှင်းတို့ ပြင်ဦးလွင်သွားမှာ ဖြစ်တယ်။မာမီရော မတော်ရသေးတဲ့ ယောက္ခမတွေပါ ပြင်ဦးလွင်ရောက်နေကြတယ်ဖြစ်တယ်။ဒါကြောင့် ဒီကလေး ပြင်ဦးလွင်သွားဖို့ကို စိတ်လောနေတယ်။

“ကိုကိုဗျို့! ကားပေါ်တက်တော့လေဗျာ
အိပ်နေရင်လည်း နေခဲ့တော့ ကျွန်တော်ဘဲမောင်းသွားတော့မယ်"

“ဟာ ဟေ့ဟေ့ လာပြီ ကလေးကလည်းဗျာ စိတ်ကြီးဘဲ”

စစ်သွေး မနက်ကတည်းက ဒီကိုကိုတစ်ယောက်ကိုအော်ရတာ မောလာတယ်။ဘာလုပ်လုပ် ‌နှေးတိနှေး
တုံ့နဲ့ ဟွန့်။

စစ်သွေး ကားနောက်က ရေဗူးကိုယူပြီးမော့သောက်
လိုက်တယ်။ခရီးအတွက်ရေဗူးက ခြံထဲကမထွက်ရသေးဘူး  တစ်ဝက်ကျိုးတော့မယ်။

ကိုကိုက လမ်းတစ်လျှောက်မနားတမ်း ကားမောင်းသလို စစ်သွေးလည်း တစ်လမ်းလုံး သီချင်းဆိုလိုက်၊အိမ်ကထည့်လာတဲ့ မုန့်တေ‌စားလိုက်နဲ့ ဒီကြားထဲ မြို့ပြင်
ကအလှတရားရဲ့လေတွေကို ရှူသွင်းလိုက်နဲ့ မနားရပေ။

*******************
တီ တီ တီ.....
ကားဟွန်းတီးလိုက်တော့ အိမ်ထဲကနေ ကာရံက ပြေးထွက်လာတယ်။ဒီကောင်လေး ရှင်းတို့ကိုစောင့်နေပုံရတယ်။ကားဟွန်း တစ်ချက်ဘဲတီးရသေးတယ် သူကခြံထဲရောက်နေပြီ။

ရှင်းရဲ့ ကားကို ဂိုဒေါင်ထိမောင်းဝင်လိုက်တော့ ကာရံက ကားနောက်ကိုလိုက်လာသည်။ရှင်းဘေးက ကလေးကလည်း ကားကိုရပ်လိုက်တာနဲ့ ကားပေါ်က
ဆင်းကာ ကာရံကို ပြေးဖက်လေတော့တယ်။ဒီအချိန်မှာ သူက အပိုလူသာသာ။

“ကာရံ ငါမင်းကို လွမ်းနေတာကွ။"

“ကိုစစ်ကလည်း ကျွန်တော်က အစောကြီးစောင့်နေတာဗျ။နောက်ကျလိုက်တာ”

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Tahanan ng mga kuwento. Tumuklas ngayon