အပိုင်း(၂၈) uni, zawgyi

304 14 1
                                    

Unicode

“ဒယ်ဒီ ရှူး .... ပါးပါး နိုးသွားမယ်"

သားက ရှင်းကိုယ်ပေါ်ကနေ သူ့နှုတ်ခမ်းကို ပိတ်ကာ ရှင်းနားရွက်နား တိုးတိုးလေးကပ်ပြော လာသည်။

စောနကတော့ ဘေဘီပါးပါးဆီသာမခေါ်သွားရင် တစ်အိမ်လုံးကြားအောင် အော်ငိုမယ့်သူက သူမဟုတ်သလိုပင်။

“ဒယ်ဒီ world ကို အောက်ချပေး"

“အဟင်း ...ပါးပါးကို သွားမရှုပ်နဲ့နော်"

“ဟုတ်တဲ့"

ရှင်း သားကို အောက်ချပေးလိုက်တော့ ခြေသံလုံလုံနဲ့ကုတင်နားကို လျှောက်သွားတယ်။

World ကိုဒယ်ဒီအောက်ချပေးပြီးတာနဲ့ ပါးပါးအိပ်တဲ့ ကုတက်ပေါ်တက်ကာ စောင်ကိုလွှားခြုံပြီး ပါးပါးဘေး
မှာ အိပ်နေလိုက်တယ်။အသက်ကိုလည်း ဖြည်းဖြည်းရှူကာ world ပါးပါးကိုဘဲ ဖက်ချင်သည်ကြောင့် ဒယ်ဒီကို
ကြည့်လိုက်တော့ ဒယ်ဒီက ကုတင်တစ်ဖက်ကို ရောက်လာသည်။

“သား world ဒီနေ့ သားပါးပါးက နေမကောင်းဘူးလေ
ဒယ်ဒီချော့သိပ်မယ်နော်”

“ပါးပါးက ဘာရို့ နေမကောင်းတာယဲ ။ဦးဦးဂုန် ကိုထော်ပီး စေးထိုးမယ်ယေ"

“ပါးပါးဘာသာ ဆေးမထိုးတာလေ။သားက ပါးပါးကို နာနာ ဖြစ်စေချင်တာလား"

အမှန်တော့ စစ်သွေးနိုးလာတာကြာပြီဖြစ်သည်။အောက်ထပ်မှာ သားငိုသံကြားတာကြောင့် စစ်သွေး အိပ်မရတော့။ဆင်းလာဖို့လုပ်နေတုန်း ကိုကိုက အပေါ်ကို ခေါ်လာပေးမယ်‌ဆိုတာကြောင့် မျက်လုံးမှေးပြီး အိပ်ချင်ယောင်ဆောင် နေလိုက်တယ်။

သားလည်း ဖျားနေပြီဆိုတာ စစ်သွေးသိတယ်။သားကဖျားရင် တော်ရုံနဲ့မပျောက်လို့ ကိုကိုရော စစ်သွေးပါ သေချာဂရုစိုက်ရတယ်။ဒါပေမယ့်လည်း သားကအခု
ဖျားလေပြီ။စစ်သွေးကိုတောင် ဆေးထိုးဖို့ အကိုဂုဏ်ကိုခေါ်ခိုင်းနေသည်ပင်။

“နိုး.... ပါးပါး နာနာပျောက်ပျောက် ဖွ ဖွ"

သားက စစ်သွေးရဲ့ နဖူးကို နမ်းကာ နာနာပျောက်
ပျောက်ဆိုတာကြောင့် ကိုကိုနဲ့ စစ်သွေးပါ ကြောင်သွားသည်။သားက စစ်သွေးရဲ့ပါးကိုဘဲ နမ်းဖူးသည်။ကိုကို့ ကိုလည်း အတင်းနမ်းခိုင်းမှသာ နမ်းဖူးသည်။ဘယ်သူ့
ကိုမှ သားက မနမ်းပေ။ကာရံတောင် သားရဲ့အနမ်း မရဖူးပါ။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Onde histórias criam vida. Descubra agora