Unicode
“ကိုကြီးမိုးမြတ် အဲ့ဦးလေးကြီးက ဘယ်သူလဲ”
ယံခွန်းကမေးတော့စိုင်းခွန်းကရောက်လာတဲ့ ရေခဲမုန့်ကိုတစ်ဇွန်းစားပြီး ..
“ကိုကြီးမိုးမြတ်နဲ့ အဲ့ဦးလေးကြီးက သိနေတာလား”
“မင်းတို့ကလည်းကွာ သိလို့ဆိုင်ရောက်လာ တာပေါ့ကွ။ပြီးတော့ သူ့နာမည်က ထည်ဝါရှင်းတဲ့ ငါ့ထက်၅နှစ်တောင်ကြီးတယ်။”
အမွှာ နှစ်ကောင်ကအဲ့ဒါဘဲပြောပြီး ရေခဲမုန့်သာ
ဆက်စားနေလေသည်။သူလဲ ချောကလက် ရေခဲမုန့်စားဖို့လက်လှမ်းတုန်း အရှေ့လူကြီး ကိုမတွေ့တော့။‘ဟင် ဘယ်ရောက်သွားတာလဲ?ငါ့တို့ကိုဒီဆိုင်မှာပစ်သွားတာလား’ စစ်သွေး တွေးနေရင်း ရေခဲမုန့်ကိုမျိုမကျ။
“ယံခွန်း အဲ့လူကြီးဘယ်ရောက်သွားတာလဲ”
“မသိဘူးလေဗျာ ”
“စိုင်းခွန်း မင်းရောသိလား အဲ့လူကြီးဘယ်သွားလဲဆိုတာ”
စိုင်းခွန်းလည်း ဇွန်းကိုကိုက်ပြီး ကိုကြီးမိုးမြတ်ကိုကြည့်ကာ ခေါင်းငြိမ့်ပြ လိုက်သည်။ပြီးမှ ဇွန်းကိုချကာ ရှင်း ဖုန်းပြော နေတဲ့ဘက်ကို လက်ညိုးထိုးပြလေသည်။စစ်
သွေးလည်း ဟိုလူထွက်မပြေးဘူးဆိုမှရေခဲမုန့်ကို တစ်ဇွန်းပြီတစ်ဇွန်း ခပ်စားနေလိုက်သည်။ရှင်းလည်း ကလျာနဲ့ဖုန်းပြောပြီးတော့ ပေါက်စတို့ရဲ့ဝိုင်းဘက်ကို ပြန်လာလိုက်တယ်။
"စားပြီးသွားပြီလား ပေါက်စ ထပ်ယူမလား"
"မယူတော့ဘူး ပါဆယ်ဘဲယူပြန်မယ်"
"အဟင်း ဟုတ်ပါပြီ ။မင်းတို့ကရော ယူအုံးမှာလား"
ရှင်း လည်းအမွှာနှစ်ယောက်ကို မေးတော့ အသီးသီးခေါင်းခါကြတယ်။ပေါက်စကတော့ စားနိုင်လွန်းပါတယ်။ငယ်ငယ်တုန်းက ချောကလက်ရေခဲမုန့်မရလို့ငိုနေခဲ့တဲ့ပေါက်စက အခုထိချောကလက်ရေခဲမုန့်ကိုလက်ကမလွတ်ဘဲ စားနိုင်လွန်းတယ်။
ရှင်းလည်းတွေးနေရင်း အလိုလိုပြုံးမိတာကို တစ်ခုခုသတိဝင်လာမှ အရှေ့က သုံးကောင်က သူ့ကို ကြောင်ကြည့်နေတယ်။
YOU ARE READING
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...