Unicode
“နေ မင်ဘယ်လို ငါ့အိမ်ထဲရောက်နေတာလဲ"
“ဟားဟား ချာတိတ်တံခါးဖွင့်ပေးလို့ ရောက်နေတာပေါ့ကွ”
ရှင်း ကာရံဘက်ကိုလှည့်ကြည့်လိုက်တော့ နေလည်းကာရံကို ကြည့်လိုက်တယ်။
ကာရံ ဆီကို နှစ်ယောက်လုံးက လှည့်ကြည့်လာတော့
ကာရံကြောက်ကာ ကိုစစ်ရဲ့ အနောက်ကိုဘဲ မျက်နှာကွယ်လိုက်ရတယ်။“ကဲပါဗျာ တော်ကြတော့ ဒီမှာ ကာရံက ပြင်ဦးလွင်ကို ပြန်ပြေးတော့မယ်။”
စစ်သွေး ပြောလိုက်မှ နှစ်ယောက်လုံးက အကြည့်တွေလွဲကာ စောနက သူတို့မဟုတ်သလို အေးဆေးပင်။
“အစ်ကိုလေး စောနက ကျွန်တော့်ကို မလွှတ်ဘူးဆိုတာ တကယ်လားဟင်”
“မင်းက လိုက်သွားချင်လို့လား”
“ဟုတ်ကဲ့ ကျွန်တော်သွားချင်လို့ ခွင့်ပြုပါနော် အစ်ကိုလေး"
ကာရံ ခွင့်တောင်းပြီး မျက်နှာငယ်ပြလိုက်တယ်။ကိုစစ်ကိုလည်း ကူပြောပေးဖို့ အကူအညီတောင်းလိုက်ရတယ်။
“အေးပါကွာ သွားလေ ။ဒီကောင် လူပျိုကြီးနောက်ကို
တစ်ခါတည်း လိုက်သွားလည်းရတယ်”ရှင်း နေမင်းပိုင်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်တော့ ကာရံက နားမလည်စွာ စစ်သွေးဘက်ကို လှည့်လာတယ်။
စစ်သွေးကတော့ မသိချင်ဟန်ဆောင်ကာ မျက်နှာလွဲလိုက်ပြီး
“ကိုကို ကျွန်တော်ပင်ပန်းနေပြီ သွားနားတော့မယ်”
“အင်း ကိုကို လာခဲ့မယ်နော် အရင်တက်နှင့်လိုက်”
“ဟုတ်ကဲ့ ကိုကို ။
ကိုနေ ခွင့်ပြုပါအုံးဗျ”နေ စစ်လေးကို ပြုံးပြကာခေါင်းညိမ့်ပြလိုက်တယ်။
စစ်လေး အပေါ်တက်သွားမှ ရှင်းဘက်ကို ပြန်လှည့်ကာ“ငါလည်း ပြန်တော့မယ် ရှင်း ။နောက်မှ အေးဆေးတွေ့မယ်။”
“အေးပါကွာ ကားကိုဂရုစိုက်မောင်း ။ကာရံ ခြံထဲ
လိုက်ပို့ပြီး တံခါးသေချာ ပိတ်ခဲ့"
YOU ARE READING
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...