အပိုင်း (၂၆)uni, zawgyi

451 20 1
                                    

Unicode

"ကိုကို "

"ဗျာ "

"‌ကလေးက ချစ်စရာလေးနော်"

"အင်း ကိုကို့ရဲ့ဘေဘီပါးပါးလောက်တော့ ချစ်ဖို့မကောင်းဘူး"

စစ်သွေး အကဲပိုနေသော ဘေဘီဒယ်ဒီကြီးကို မျက်စောင်းထိုးကာ ကလေးလေးရဲ့ ပါးကို ကိုင်ကြည့်လိုက်တယ်။

မျက်လုံးလေးတွေး မှေးကား အိပ်နေတဲ့သားလေးရဲ့
မျက်နှာလေးကို စစ်သွေးကြည့်ရင်း ရင်ထဲ လှိုက်ခနဲပင်ကြည်နှုးရတယ်။

ကိုကိုက ဘေးကပါ ရောက်လာပြီး
ကလေးလေးရဲ့ ပါးပေါ်တင်ထားတဲ့ စစ်သွေးရဲ့လက်ကို ဆွဲယူပြီး နမ်းရှိုက်ရင်း...ညကအကြောင်းတွေ
ပြန်မြင်လာတယ်။

"အစ်ကိုလေး ကျွန်တော်တို့ပြန်တော့မယ်။မနက်ကျမှ ကိုစစ်ကို လာတွေ့တော့မယ်နော်"

"အင်းပါ။ နေ ကားကိုဂရုစိုက်မောင်းအုံး"

"အေ ငါကောင်းကောင်းမြင်ရပါသေးတယ်ကွ"

"ခွေးကောင် မင်းမြင်မှန်းငါသိတယ်။ဒါပေမယ့် ငါ့ညီကို ငါစိတ်ပူတယ်ကွ"

ကာရံ အစ်ကိုလေးကိုဖက်ပြီး နှုတ်ဆက်ကာ ကိုနေနဲ့အတူ အိမ်ပြန်လာခဲ့လိုက်တယ်။

ရှင်း နေတို့ပြန်သွားတာတဲ့ကျောပြင် ပျောက်သွားမှ ခွဲခန်းထဲကနေ လူနာဆောင်ပြောင်းရွေ့ပြီးပြီးချင်း ဝင်
တွေ့တော့ စစ်သွေးက အိပ်ပျော်နေတုန်းပင်။

ဒေါက်တာက အိပ်ဆေးအရှိန်က သုံးနာရီဆိုပေမယ့် ကလေးက နိုးမလာသေးပေ။ရှင်း ကလေးအတွက်စိတ်ပူနေချိန်မှာဘဲ ဘေးကသားလေးကထငိုလာ‌
ပေမယ့် ရှင်း သားလေးကို မချီမိခဲ့။ကလျာကသာ
ကလေးကို ချော့မြူကာ အငိုတိတ်စေခဲ့တယ်။

ဒေါက်တာက ဆက်ပြီးစောင့်ကြည့်ဖို့ပြောကာ
အောက်စီဂျင် ပိုက်တွေပါ တပ်ပေးလာသည်။ဂုဏ်ကလည်း တိုက်ဆိုင်စွာ ထိုအချိန်မှ သူတာဝန်ယူထားတဲ့လူနာ အမောဖောက်လာတာကြောင့် သွားစစ်ဆေး
ခဲ့ရသည်။ကလျာက သားတစ်ဖက်နဲ့ ငယ်လေးကို
စိတ်ပူစွာ အခန်းပြင်ကဘဲ စောင့်နေလိုက်တယ်။
သားငိုသံကြောင့် ရှင်းပိုစိတ်ညစ်မှာကို သိနေသလား။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Tahanan ng mga kuwento. Tumuklas ngayon