အပိုင်း(၁၃) uni, zawgyi

411 17 0
                                    

Unicode

ရှင်း လှေကားကနေဆင်းလားရင်း အောက်ထပ်
ရောက်တော့ ကလျာက ဧည့်ခန်းမှာ ပန်းထိုးရင်း
ရောက်လာတယ်။

"ကိုရှင်း ဆင်းလာပြီလား။အငယ်လေးရော"

ကလျာက စစ်သွေးကိုမေးရင်းအပေါ်ထပ်ကို မော့ကြည့်လိုက်တော့လည်း စစ်သွေးမပါလာ။

"ကလေးက အဝတ်အစားလဲနေတာ။ကျွန်တော်ကားပေါ်ကဘဲ စောင့်တော့မယ်"

ရှင်းပြောပြီး ပေါ်တီကိုမှာ ရပ်ထားတဲ့ကားထဲ မှာဘဲထိုင်စောင့်နေလိုက်တယ်။စိတ်ထဲမှာတော့ ထိုစာရွက်ကိုသာ သိချင်မိတယ်။ကလေးပြောတဲ့ လျှောက်ရေးထားတာ ဒါပေမယ့်ရှင်းတွေ့လိုက် တာက စာလုံးမဟုတ်တဲ့ဆွဲထားတဲ့ပုံ။ကလေး ဘာလို့လိမ်တာလဲ။

ရှင်း ကားထိုင်ခုံကိုမှီရင်းမှိန်းနေတုန်း ကလေးအသံကြားတာကြောင့် မျက်လုံးဖွင့်ပြီး ကားတံခါးကနေချောင်းလိုက်တော့ ကလေးပေါက်စက ‌တက်ကြွနေတာကို ကြည့်ပြီး ရှင်း ခပ်ရေးရေး ပြုံးလိုက်မိတယ်။

ဒီကလေးက ရှင်းကို ပျော်စေနိုင်တယ်၊ဝမ်းနည်းစေနိုင်တယ်၊ပေါက်ကွဲစေနိုင်တယ် ပြီးတော့ သေစေနိုင်တယ် ၊ကလေးကြောင့် ရှင်းရှုးနေပြီ။

*************

"ကိုကို နေမကောင်းဘူးလား?
မျက်နှာက ဘာဖြစ်နေတာလဲ"

ရှင်းကားမောင်းနေရင်း ကလေးဘက်ကို ကြည့်လိုက်တော့ တကယ်စိတ်ပူနေပုံပင်။

"ဘာမှမဖြစ်ပါဘူး ။ကိုကို အလုပ်အကြောင်းတွေးနေတာ"

"ဘာ! ကိုကို ကလေးနဲ့ရှိနေတာတောင် အလုပ်
ကြောင်းဘဲတွေးနေတာလား"

"ဟင် မဟုတ်ဘူးလေကွာ ဟို...."

"တော်ပြီး ကိုကိုနဲ့မပြောတော့ဘူး"

စစ်သွေး ကိုကို့ကိုစိတ်ဆိုးပြီး ကားမှန်ဘက် ကိုသာမျက်နှာလှည့်ထားလိုက်တယ်။ဘေးမှာ လူတစ်ယောက်လုံးကိုထားပြီး အလုပ်အကြောင်းတွေးနေတဲ့ကိုကို ၊အခုက အပျော်လျှောက်လည်နေကြတာကို ကိုကိုက အလုပ်တွေသယ်လာတာ ဟွန့်..

"ကလေး ကလေး ကိုကို တောင်းပန်ပါတယ်ကွာ
နော် ကိုကိုအလုပ်အကြောင်းတွေးတာ မဟုတ်ပါဘူး

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now