အပိုင်း (၁၆) uni, zawgyi

348 15 0
                                    

Unicode

"ကိုကို! ဒီနေ့ ကျွန်တော် ခင်များကြီးကို ဆုံးမမယ်"

"ဟာ ဟေ့ ဟေ့ ကလေး လွန်မယ်နော်"

စစ်သွေးပြောပြီး အခန်းထောင့်မှာရှိတဲ့ ဘတ်ရိုက်တံတစ်ချောင်းကို ယူကာ ကုတင်ပေါ်တက်လာတယ်။

ကိုကိုက စစ်သွေးရဲ့ ဘတ်ရိုက်တံ ကိုင်ထားတဲ့လက်ကိုဆွဲထားပြီး တဂယ်ရိုက်မယ်ထင်နေတဲ့ပုံပင်။စစ်သွေး
လည်း တဂယ်ကိုရိုက်မှာ။

"ကလေး အဲ့ဒါက ရိုက်ရင်တကယ်နာတယ်။
ဒါမှမဟုတ် ကလေးရိုက်ချင်ရင်ကလေးရဲ့ နှုတ်ခမ်းနဲ့ဒီနေရာကို ရိုက်ပါလား ကိုကိုခံပါ့မယ် ပြုံးပြုံးကြီး လုံးဝမအော်ဘူး ဟင်"

"ရား...ကိုကိုစုတ်...ခင်များဒီနေ့သေပြီမှတ်"

စစ်သွေး ကိုကိုပြော‌သောစကားကို နားထောင်နေရင်းရိုက်ရမယ့်အပြင် နမ်းပါနမ်းပေးရအုံးမယ်။ကိုကိုတို့က
အရမ်းတရားကျဖို့ကောင်းတယ်။တရားသူကြီးလုပ်ရင်တော့ တရားခံတောင် လွတ်ငြိမ်းခွင့်ပေးမလားဘဲ ဟွန့်

****************

အဲ့နေ့က စစ်သွေး ကိုကို့ကို စကားမပြောဘဲနေခဲ့တာ
ဒီနေ့ဆို သုံးရက်ရှိသွားပြီ။ကိုကိုက အလုပ်ပြီးရင်
ပြန်လာချော့ပေမယ့် စစ်သွေးကတော့ လျစ်လျူရှု့ထားတယ်။ကိုကို့မာမီကလည်း ခွင့်မလွှတ်သင့်အပြစ်ဆို
ပစ်ထားလိုက် ချော့ပါစေတဲ့။

မာမီတစ်ယောက်လုံး စစ်သွေးဘက်ပါမှတော့ ကိုကိုကတော ပြန်ချော့ရစမြဲ။

တီ..တီ..

ကားဟွန်းသံကြောင့် စစ်သွေး ဧည့်ခန်းက ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ကိုကို့ကား စစ်သွေးဆိုဖာပေါ်ပြန်ထိုင်ပြီး ဖေဖေ ဖတ်နေကျသတင်းစာကို ကောက်ယူလိုက်တယ်။ဖုန်းကြည့်ဖို့က အခန်းထဲကျန်ခဲ့တာကိုး။

"ကလေး ကိုယ်လာတာကို တံခါးလေးတောင်မဖွင့်ဘူး"

"ခင်များ လက်မပါဘူးလား။ခြံတံခါးကို ကိုယ့်ဘာသာဖွင့်ပါလား"

"ဟုတ်ပါပြီ နောက်တစ်ခါဆို ဖွင့်ပါ့မယ်။ဒါနဲ့ကလေးက သတင်းစာရော ဖတ်တတ်လို့လား"

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now