အပိုင်း (၁၀)uni , zawgyi

498 21 1
                                    

Unicode

"သားငယ် လာလေ ဒီမှာထိုင်"

ဒေါ်သွေးသစ္စာမေ ပြိုတော့မယ့်မိုးလို ငိုမဲ့မဲ့ဖြစ်နေတဲ့ သားငယ်လေးကို မိမိဘေးတွင် လာထိုင်ခဲ့တော့ချက်ချင်း ရောက်လာသည်။မမမေကိုလည်း တစ်ချက်တစ်ချက် ချောင်းကြည့်လာသည်။

"ကဲ သွေးရယ် လူစုံပြီဆိုတော့ မင်္ဂလာကိစ္စ ပြောရအောင်လား"

ဒေါ်မေရှင်းသန့်က စပြီးစကားဝိုင်းကို အသက်သွင်းလိုက်တော့ စစ်သွေး ထိန်းမနိုင်စွာ မျက်ရည်များကျလာသည်။သူတကယ်ဘဲ ကိုကိုနဲ့ မခွဲချင်ပါ။

ဖေဖေတို့မမတို့ပြောတော့ပွဲကဖြစ်မလာနိုင်ပါဘူးဆိုပြီး အခုကျတော့ မင်္ဂလာတောင် ဆောင်ကြတော့မှာလား။

"အီး...ဟီး.....ဟီး..ဗြဲ.."

"ဟာ ကလေး မငိုနဲ့လေ"

ရုတ်တရက်ကြီး စစ်သွေးက ထငိုတော့အကုန်လုံး
လည်း ကြောင်ကုန်ကြတယ် ။ဒေါ်မေရှင်းသန့် လည်း စကားပြောတဲ့အထဲမှာ ဘာများအမှားပါ သွားတာလဲ။မင်္ဂလာကိစ္စနဲ့ ဒီအိမ်ရောက်လာလို့ မင်္ဂလာအကြောင်း ပြောရအောင် လို့ပြောမိတာ သမက်လေးက ဘာကြောင့် ငိုရတာလဲ။

"အကုန်လုံး လိမ်နေကြတယ်။ကိုကိုကရော မမကိုမယူဘူးပြောပြီး အခုကျတော့မင်္ဂလာပွဲ တောင် ကျင်းပတော့မှာပေါ့..အီး..ဟီး..."

"မဟုတ်ဘူးလေ ကလေးရယ် ကိုကိုက ကလေးရဲ့အမကို မယူပါဘူး"

"ကိုကို တို့ဒီကို မင်္ဂလာကိစ္စကြောင့်လာတာ မဟုတ်လား"

"ဟုတ်တယ်လေ"

"ဗြဲ...အီး..ဟီး..မကောင်းတဲ့လူကြီး လူကိုစားပြီးနားမလည်လုပ်တဲ့လူကြီး.. ကလေးကိုချစ်တယ် ပြောပြီး ကလေးရဲ့အမကိုလည်း ယူတယ် ဗြဲ...."

ထိုအခါမှ စစ်သွေးငိုရတဲ့အကြောင်းအရင်းကို သိရတော့ ရှင်းမှာလည်း ငိုရခက် ရယ်ရခက်။ဒီကလေးက အထင်တွေလွဲပြီး ဇွတ်ငိုနေတော့တာဘဲ။

"ဟဲ့ကောင် မင်းကိုမင်းကလေးများ‌မှတ်နေလား။
ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ငိုမနေနဲ့။မင်းအဖေငါ အသက်ရှိသေးတယ်။"

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now