အပိုင်း (၄)uni , zawgyi

571 32 0
                                    

Unicode

"ကလျာ ကိုယ်ပြောတာကို သဘောတူပေးပါ"

"ကလျာ အငယ်လေးနဲ့ စကားပြောပြီပြီ။
သူ ကိုရှင်းကို မချစ်ဘူး"

ကလျာကိုယ်တိုင် ဆွဲထားချင်တာကြောင့် အငယ်လေးရဲ့ခံစားချက်ကို လှစ်လှူရှု့ပြီး ပြောခဲ့မိတယ်။အငယ်လေး မမကိုခွင့်လွှတ်ပါ။မမ နောက်မဆုတ်ချင်တော့ဘူး။

"ကိုယ်သူ့ကို ဖွင့်မပြောရသေးဘူး။ဒါမယ့် ကိုယ်ပြောတော့မှာ ။အဲ့ကြောင့် ကလျာဘက်က.."

"ကလျာ သွားတော့မယ်။ဖေဖေကနောက်တစ် ပတ်လို့ ပြောတယ်။ကိုရှင်းရဲ့မာမီနဲ့ တိုင်ပင်ပြီးပြီတဲ့"

ကိုရှင်း ဆက်ပြောမှာကို ကလျာခံနိုင်ရည်မရှိပါ။ကလျာ တစ်ခါလောက်တော့ ရှုးမိုက်ကြည့်ချင် တယ်။ကိုယ့်ကို မချစ်တဲ့လူကို ချစ်ရတာအရမ်း ပင်ပန်းတယ်။တစ်ဖက်သတ်ဆိုတာ တစ်ဖက်လူ ကိုသတ်နေတာတဲ့။အဲ့တစ်ဖက်က ကလျာ ကိုယ်တိုင်ဖြစ်ပြီး သတ်တဲ့လူကလည်း ကလျာဘဲဖြစ်နေပြန်တယ်။

ကလျာလည်း ဆိုင်ကထွက်လာပြီး ကားထဲဝင်ဖို့ပြင် ‌နေချိန်မှာအကွေ့ကနေ ထွက်လာတဲ့ကားနဲ့ လမ်းမ ပေါ်ဘောလုံး လိမ့်သွားလို့ ဘောလုံးသွားကောက်ဖို့ဘဲ စိတ်ရောက်တဲ့5နှစ်အရွယ်ကလေးတစ်ယောက်။

ကားက ကလေးနဲ့အရမ်းနီးလာတာမို့ ကလျာပြေးသွားပြီး ကလေးရဲ့လက်တစ်ဖက်ကို ဆွဲပြီးလှည့်လိုက်တော့ ကားဟာသူမ ရဲ့အရှေ့ကို ရောက်လာလေပြီ။

ကျွီ....

ဒုန်း.

ဟင်..

"အီးဟီး ....မမ မမ "

"အ .အငယ် ..လေး မ. မငိုနဲ့"

ကလေးငိုသံကြားပြီးအနီးကလူတွေရဲ့အော်သံတွေကလျာလည်းမျက်ခွံတွေလေးပြီး အိပ်ချင်လာတယ်။

ထိုချိန် ကလျာ့မျက်လုံးမမှိတ်ခင် တွေ့လိုက်ရတဲ ပုံရိပ်လေး။ကလျာ ကျေနပ်ပါတယ် ကလျာအတွက်စိတ်ပူပေးတာ။ကလျာ လောကကြီးနဲ့အဆက်သွယ်ပြတ်ပြီး
ငိုသံတွေ စိတ်ပူသံတွေမကြားရတော့။အရာရာ အေးချမ်းနေတယ်။

"ကလျာ ကလျာ သတိထားအုံးလေ။ ကလျာ..
ဆေးရုံကားခေါ်ထားတယ် စောင့်ပါအုံးနော်"

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now