Unicode
စစ်သွေး ကိုကိုရှိရာ အိမ်အောက်ထပ်ကို ဆင်းမယ်လုပ်တော့ လှေကားတွေက အထစ်မရှိသလို မြင်သမျှကလဲ အကုန်လုံး ဝါးနေတယ်။
စစ်သွေး ခေါင်းကို တစ်ချက်ခါထုတ်ကာ အသက်ကိုပြင်းပြင်းရှူပြီး လှေကားပေါ်က ဖြည်းဖြည်းချင်း ဆင်းလာလိုက်တယ်။
“ကိုကို မနက်စာက ဘာလဲဟင်”
“ကလေးကြိုက်တဲ့ ရှမ်းခေါက်ဆွဲ။ကိုကို မနက်က မာမီကို ချက်ခိုင်းထားတာ"
“ဝေါ့ ..အော့ ..အဟွတ်”
စစ်သွေး ပါးစပ်လေးပိတ်ကာ ဘေစင်မှာ အေ့ာအန်နေလေပြီ။
ရှင်း ကလေးကျောပြင်ကို ဖြည်းဖြည်းချင်း ပွတ်ကာ
“ကလေး ဘယ်လိုဖြစ်ရတာလဲ။မနက်ကလဲ မျက်နှာမလန်းဘူး”
စစ်သွေး ကိုကို့ကို ခေါင်းခါပြကာ အန်တော့လဲ အရည်တွေသာ ပါတယ်။ရင်ထဲက တလှပ်လှပ်နဲ့ ကိုကိုစိတ်ပူမှာ စိုးလို့သာ မပြောတော့ဘဲ စစ်သွေး ကိုကို့ ပြန်သာပြုံးပြလိုက်တယ်။
“ကျွန်တော် အဆင်ပြေပါတယ်။ဘာမှ မဖြစ်တော့ဘူးလာ မနက်စာ စားရအောင်”
“ဟင် ..ကလေး ရှမ်းခေါက်ဆွဲ မစားဘူးလား"
“ကျွန်တော် ရှမ်းခေါက်ဆွဲ မစားချင်ဘူး”
စစ်သွေး ထိုမျှသာ ပြောပြီး ခုံပေါ်က နွားနို့ခွက်လေးသာ ကောက်မော့လိုက်တယ်။
ရှင်း ဒီမနက် ကလေးရဲ့ စကားတွေကို နားမလည်
တော့ပါ။မနက်ကလည်း ရှင်းကို ကလေးအကြောင်းပြောတယ်။အောက်ဆင်းလာတော့လဲ မျက်နှာမလန်း
အပူစမ်းကြည့်တော့လည်း ပုံမှန်ပင်။ရှမ်းခေါက်ဆွဲကြိုက်တဲ့ ကောင်လေးက ဘာတွေ ပြောင်းလဲသွားတာလဲ?ရှင်း ကော်ဖီသောက်နေတုန်း ကလေးက နို့သောက်ပြီးထသွားမယ်လုပ်နေတာကြောင့် ရှင်းလဲထတော့ ကလေးရဲ့ ခန္ဓာကိုယ်က ပျော့ခွေကျသွားပြီး ရှင်းကလေးရဲ့ ကိုယ်လေးကို ဖမ်းဆွဲထားလိုက်တယ်။
“ကလေး! ကလေး သတိထားအုံးေလ”
ရှင်း ခေါ်ပေမယ့် ကလေးကတော့ လောကကြီးနဲ့
အဆက်သွယ် ခဏပြတ်သွားတယ်။ရှင်း ကလေးကိုချီကာ ဧည့်ခန်းက ဆိုဖာပေါ်မှာ တင်လိုက်ပြီး ဂုဏ် ဆီကို ဖုန်းဆက်ခေါ် လိုက်တယ်။
ESTÁS LEYENDO
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...