အပိုင်း (၂)uni , zawgyi

821 43 1
                                    

Unicode

"ယေး ယေး ကိုကို အပြင်သွားမာ ဟိုဘက်သွား မယ်အဲ့ဘက်မှာ မုန့်ဆိုင်ရှိတယ် သွားမယ် ညော်"စသဖြင့်ထိုကလေး ပူဆာသမျှ လိုက်လျောကာသူစီးချင်တဲ့စက်ဘီးကို အရှေ့မှာပေးထိုင်ပြီး တစ်ပတ်လောက်နင်း
ပေးလိုက်တယ်။

အိမ်ပြန်ဖို့ စက်ဘီးကိုကွေ့တော့မှ ထိုကလေးကထငို‌သည်။

"အီးဟီ...ပြန်ဝူး.ပြန်ဝူး စီးအုံးမာ"

"ကိုကိုတို့ပြန်ရအောင်နော် အိမ်မှာ ကိုကိုတို့ ရေခဲမုန့်ပြန်စားမယ်လေ"

"တဂယ်လား ရေခဲမုန့်များကြီး စားမယ်ညော်"

"အင်း အများကြီးစားမယ်"

အိမ်ပြန်ရောက်တော့ မာမီနဲ့အန်တီသွေး တို့ကဧည့်ခန်းမှာ စကားပြောနေသည်။

အချိန်တွေတရွေ့ရွေ့နဲ့  ရှင်းလေးအသက် ၁၀‌နှစ်လောက်မှာ ပြင်ဦးလွင်က ရှင်းလေးရဲ့ အဖွား ဒယ်ဒီ့ရဲ့အမေ ပြန်ခေါ်လို့ ရှင်းလေးတို့
ပြင်ဦးလွင်ကို ပြောင်းခဲ့ရလေသည်။

ပြင်ဦးလွင်မှာဘဲ  ကျောင်းတက်ကာ အဖွားရဲ့ခြံတွေကိုကူညီပြီး ရှင်းရဲ့အသက်၂၂လောက်မှာ အဖွားဆုံးသွား
ခဲ့တယ်။ထို့နောက် ပြင်ဦးလွင်မှာရှိတဲ့ခြံကို အဖွားရဲ့လူယုံနဲ့အပ်ထားပြီး မာမီနဲ့ရန်ကုန်မှာ အိမ်နဲ့ခြံပြန်ဝယ်ပြီးရန်ကုန်မှာဘဲ အလုပ်တစ်ခု လုပ်ပြီး မိုးဝေနဲ့ သိကျွမ်းလာကာ မိုးဝေနဲ့ အတူဆိုင်ခွဲ တွေဖွင့်ထားလေသည်။

ထိုကလေးရဲ့အကြောင်းကို စုံစမ်းကြည့်တော့ သူရဲ့ဖိုးလေးဆီကို ပို့ထားတယ်ဟုသိရ‌သည်။

မာမီကတော့ အန်တီသွေးဆီ အမြဲသွားဖြစ် ပေမယ့် သူကသိပ်တော့မရောက်ဖြစ်။

ရန်ကုန်ပြန်ရောက်တဲ့၃နှစ်အတွင်းမှာ
ပထမဦးဆုံး ပြန်ရောက်လာခြင်း ဖြစ်သည်။

"ဟေ့လူကြီး  ထမင်းစားမယ်တဲ့"

ရှင်းလည်း အတွေးတွေမျောနေတုန်း ထိုအကောင်ပေါက်စက သူ့ကို ထမင်းစားဖို့လာခေါ်လေသည်။

ထိုချိန်ရောက်မှအကုန်လုံးကထမင်းစားခန်းကိုသွားကြပြီး ထိုအကောင်ပေါက်နဲ့သူသာ ဧည့်ခန်းမှာနှစ်ယောက်ထဲ။

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now