အပိုင်း( ၅)uni , zawgyi

566 35 0
                                    

Unicode

"အစ်ကို ညာန"

"အင်း ကလျာ အခြေအနေဘယ်လိုလဲ။
ဆရာကတော် ကိုလာပို့ရင်း ဝင်လာကြည့်တာ"

"ဟုတ်ကဲ့ အခုထိမနိုးလာသေးဘူး။မေမေ‌ ကရောဝင်မလာဘူးလား"

မေမေ့ ကိုလာပို့သောအစ်ကိုညာန ကိုမေးလိုက်တော့

"အောက်မှာ အသိတစ်ယောက်နဲ့ စကားပြောနေ
တယ်။အစ်ကို အရင်လာကြည့်တာ"

စစ်သွေးလည်း ခေါင်းတစ်ငြိမ့်ငြိမ့် နဲ့ မမကို ကြည့်နေလိုက်တယ်။ထိုချိန် မမ ကိုကုပေးတဲ့ ဒေါက်တာကဝင်လာတယ်။စစ်သွေး အထင်မမှားရင် ထိုဒေါက်တာ
က အစ်ကိုညာန ကိုကြည့်နေလေသည်။

*******

ဧရာ လည်းလူနာတွေကို ဆေးစစ်ပေးနေရင်း အကွယ်တစ်ခုကနေ ဂုဏ်နဲ့တူတဲ့တစ်ယောက်ကို တွေ့တာကြောင့် ဟုတ်များနေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီမိန်းကလေးအခန်းကို ဝင်လာခဲ့တော့ တဂယ်ပင်ဂုဏ်မင်းပိုင်။

"ဟို လူနာက ဆေးရှိန်ကြောင့် အိပ်ပျော်နေတာပါ။ခနနေ နိုးလာပါလိမ့်မယ်။"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

"ဟို မိုးမြတ်..အစ်ကို ပြန်တော့မယ်။ဆရာကတော်ကို ညနေမှ လာကြိုလိုက်ပါ့မယ်"

"ဟုတ်ကဲ့အစ်ကိုညာန မမ ကိုလာကြည့်တာကျေးဇူးပါနော်"

စစ်သွေးပြောလိုက်တော့ ညာနလည်း ခေါင်းငြိမ့်လိုက်ပြီး ဒေါက်တာကို လှည့်ကြည့်ကာ ထွက်လာလိုက်တယ်။

ဧရာ လည်းဂုဏ်ရဲ့နောက်ကို လိုက်ဖို့ ထိုကလေးကိုနှုတ်ဆက်လိုက်ပြီး အပြင်ရောက်တော့ ဂုဏ်က ဓာတ်
လှေကားစီးဖို့ အဆင်သင့်ဖြစ်နေပြီ။

"ဂုဏ် !"

ဧရာလည်း လက်ဆွဲပြီး ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။

"ဂုဏ် တဂယ်ဘဲ မင်းလား။ငါ မင်းကိုသတိရနေတာကွ။မင်း ဘယ်ရောက်နေတာလဲ"

"ငါ အဆင်ပြေပါတယ်။စိတ်ပူစရာ မလိုဘူး"

"ဟ မပူလို့ရမလားကွ။မင်း အဖိုးက မင်းကိုအမြန်ပြန်ခေါ်စေချင်နေပြီ

ပြီးတော့ ဒီဆေးရုံကို မင်းပြန်အုပ်ချုပ်ရမယ်လေ"

"ငါမအားဘူး။"

အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete) Where stories live. Discover now