Unicode
"ဗျာ! ဗျာ!
ကိုကိုရော စစ်သွေးရော လန့်သွားကာ ပြိုင်တူထွက်သွားမိတယ်။စပီကာဖွင့်ထားတာကြောင့် အသံက
ပိုကျယ်စေတယ် ။"ဟာ မိုးမြတ်နဲ့ အစ်ကိုရှင်း ဖြည်းဖြည်း အော်ပါဗျ။ကျွန်တော့ ဇနီးလောင်း လန့်သွားလိမ့်မယ် "
"အစ်ကို ဂုဏ် ကျွန်တော်တို့အရင်ယူမယ် ပြောထားတာလေ"
ဂုဏ်ရဲ့ ကဲကဲသဲသဲစကားကို အာရုံမရဘဲ လက်ထပ်ပွဲကိုသာစိတ်ဝင်စားတဲ့စစ်သွေးက မကျေနပ်စွာပြောလိုက်တော့ ကိုကိုကပါ ထောက်ခံလာတယ်။
"ဟား ..ဟား..ဒါကတော့ကွာ အစ်ကိုက မင်းတို့
ထက် လက်သွက်တာကိုးကွ""မောင် ဘာတွေပြောနေတာလဲ အငယ်လေး
ကို ။ကိုရှင်းနဲ့ ငယ်လေး ပြန်လာမှပါ ။
မမ ဖုန်းချတော့မယ်နော်.."ကလျာတို့ဘက်က ဖုန်းကျသွားတော့ မျက်နှာလေးငယ်ကာ ရှင်းဘက်ကိုကြည့်လာတဲ့ကလေး။ဒီကလေး
ဘာတွေ ဝမ်းနည်းနေတာလဲ။"ကိုကို "
"ဗျာ.."
"အစ်ကိုဂုဏ်က ဘာလို့လက်သွက်တာလဲဟင်"
"ဟမ် ..အော် အဲ့ဒါက သူက ကလေးရဲ့အမကို အရမ်းချစ်လို့နေမှာပေါ့"
"ကိုကိုက ကလေးကို မချစ်တော့တာပေါ့ ဟုတ်လား။အဲ့ကြောင့် အစ်ကိုဂုဏ်က ကိုကိုထက် လက်ပိုသွက်နေတာပေါ့။ အီး..ဟီး..."
"ဟာ ကလေး မငိုနဲ့လေကွာ။ကိုကိုက ကလေးကိုချစ်တယ်လေ။"
"ဒါဆို ကျွန်တော်တို့အရင် လက်ထပ်မယ်"
စစ်သွေး ကိုကို့ကိုပြောပြီး ထော့နဲ့ထော့နဲ့ အပေါ်တက်လာလိုက်တယ်။အရင်စေ့စပ်ထားပြီး နောက်မှလက်
ထက်ရတာကြီးက မဖြစ်သေးဘူး။ဒါနဲ့ ဟိုကိစ္စက မပြီးသေးဘူးလား?စစ်သွေး အခုမှသတိရလို့ဖုန်းဆက်မေးမယ် လုပ်တော့ဖုန်းက ကိုကို့ဆီမှာ ။ညနေမှဘဲ မေးတော့မယ်ဆိုပြီးအိပ်ယာပေါ်မှာဘဲ ကားတွန်းစာအုပ်ဖတ်ရင်းမျက်လုံးမှေးလာတော့ အိပ်ပျော်သွားတော့တယ်။
ရှင်းကလေးရဲ့ဖုန်းကိုကိုင်ပြီး စိတ်ဆိုးသွားတဲ့ကလေးနောက်လိုက်ဖို့ ကြံတုန်း မိုးဝေက ဖုန်းဆက်လာတော့
ခြံထဲသွားပြီး မိုးဝေရဲ့ တရားချမှုတွေကို နားထောင်နေလိုက်တယ်။ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာမှတော့ ပြန်မပြောမိ။
YOU ARE READING
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...