Unicode
“ကိုယ်က မြန်မာမလေး လိုချင်တာမဟုတ်ဘူး
အရှေ့မှာ ရပ်နေတဲ့ မြန်မာကောင်လေးကို လိုချင်
တာ”“ဗျာ! ခင်များ ရှုးနေတာလား။ကျွန်တော့်မှာ ပိုင်ရှင်ရှိတယ်။”
“အဟက် ရှင်းထည်ဝါလား။သူနဲ့ လမ်းခွဲပြီး ကိုယ့်
ဆီကို လာခဲ့လိုက် ။”ခွပ် ..
“ခွေးကောင် မင်းအကြံတွေ ငါသိနေလို့ကွ”
စစ်သွေး အစ်ကိုနေကို ရန်တွေ့ဖို့ လုပ်နေတုန်း ဘယ်တုန်းက ရောက်လာမှန်းမသိတဲ့ ကိုကိုက အစ်ကိုနေကို ဆွဲထိုးပြီလေပြီ။ကိုကို တို့ဘာပြောနေမှန်း စစ်သွေးနာမလည်ပါ။
“မင်းကိုငါပြောထားမယ် နေမင်းပိုင်။ စစ်သွေးက ငါ့အပိုင် သူ့ကို မင်းထိဖို့မစဉ်းစားနဲ့”
“အဟွန်း..မင်းအပိုင်ကျ သိပ်ကြောက်နေ တာလား...ရှင်းထည်ဝါ !မင်းမမေ့နဲ့ မင်းကြောင့် လူတစ်ယောက်လောကကြီးကနေ ထွက်သွားရတာ”
“လွင်ပြင်သေတာ ငါ့ကြောင့်မဟုတ်ဘူး မင်းကြောင့်ကွ”
ခွပ်
ခွပ်
“ကိုကို !
လာကြပါအုံးဗျ! ဒီမှာ ရန်ဖြစ်နေကြပြီ။”အစ်ကိုနေက ကိုကို့ ခွပြီး ထိုးနေတာကြောင့် စစ်သွေးလည်း အိမ်ထဲမှာရှိတဲ့ အစ်ကိုဂုဏ်တို့ကို လှမ်းအော်ကာ အစ်ကိုနေ ရဲ့လက်ကို မရဲတရဲနဲ့ဆွဲနေရတယ်။
စစ်သွေး နည်းနည်းပါးပါးထိုးတတ်ပေမယ့် နှစ်
ယောက်လုံးက ကျားတစ်ကောင်လို ဒေါသတွေနဲ့ စိုက်ကြည့်နေကြတာကြောင့် စစ်သွေး လန့်နေရတယ်။“ဟာ အစ်ကို ! အစ်ကိုရှင်း တော်ကြပါတော့ဗျ။
ဒုက္ခ ပါဘဲ ကွာ”ဂုဏ်က ခေါင်းကုတ်ပြီး ပါးစပ်က ဘာတွေပြောမှန်းမသိ။
“အစ်ကိုဂုဏ် ခင်များအစ်ကို ဆွဲလေဗျာ ။နှစ်ယောက်လုံး ဒဏ်ရာရပြီး သေမှ ခင်များကဆွဲဖို့လား”
“အမ် အေအေ ဆွဲပါ့မယ်ကွာ”
ဂုဏ် နေ့ကို ဆွဲလိုက်တော့ စစ်သွေး လည်းကိုကို့ကို ဆွဲထားလိုက်တယ်။
ESTÁS LEYENDO
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...