Uni
ထည်ဝါစစ်သွေး ဆိုတဲ့စံအိမ်လေးရဲ့ ခြံထဲလေးမှာ
ဖြစ်သည်။ ကာရံမွေးနေ့လေးကို စစ်သွေးတို့ရဲ့ခြံထဲ
မှာ ပါတီအသေးလေး ကျင်းပနေကြသည်။"ယေး....ကာကာ ကိတ်ထွဲ"
"ဒီတစ်ခါ ငါခွဲမယ် ဟွန့်"
ကာရံက ကိတ်ခွဲမယ့်ဓားလေး ယူပြီး ခွဲဖို့လုပ်နေသည်။
မမကလျာက စစ်သွေးဘေးမှာရပ်နေပြီး မင်းသမီးလေး
နဲ့ မင်းသားလေးကတော့ ကိတ်စားဖို့အရေး ဝေခြမ်း
နေကြသည်။"ကိုစစ် !ကျွန်တော့်ကိုလက်ဆောင် ထပ်ပေးတာလား?"
"ဟမ် ငါ မွေးနေ့ကိတ်ဘဲပေးတာလေ ဘာလက်ဆောင်
ထပ်ပေးရမှာလဲ"စစ်သွေး နားမလည်စွာ ပြန်ထပ်မေးလိုက်တော့ ကာရံကကိတ်ရဲ့ အလယ်တည့်တည့်မှ စောနက စမ်းမိတဲ့ အရာလေးကို သေချာ ထုတ်ယူလိုက်သည်။
သေတ္တာသေးသေးလေးနဲ့ အရာကိုဆွဲထုတ်တော့
ကိုနေနဲ့ ကိုရှင်းက လွဲပြီး အကုန်လုံးက ဘာများဖြစ်မ
လဲ စိတ်ဝင်စားနေကြသည်။"ဟင် သေတ္တာက ဘယ်လိုလုပ်ပြီး"
စစ်သွေး သူပြင်ထားတဲ့မွေးနေ့ကိတ်မှာ ဘယ်လိုလုပ်
ပြီး အ့ပစ္စည်းရောပ်နေမှန်း စဉ်းစားမရ။"ချာတိတ် ဖွင့်ကြည့်လေ မင်းသဘောကျမှာပါ"
"ဟုတ်"
"ကိုကို တို့ထည့်ထားတာ မလား အဲ့ကြောင့် ကျွန်တော့်
ကိတ်နားမှာ ယောင်လည်လည်လုပ်နေကြတာ "ရှင်း ကလေးကို သစ်ခွပန်းတွေ စိုက်ထားတဲ့ နေရာနား
ကို ဆွဲခေါ်လာလိုက်တယ်။အခုချိန်မှာ နေ နဲ့ကာရံက
စကားပြောဖို့လိုနေတာမလား။ဂုဏ်ကလဲ သားနဲ့သမီး
ကိုခြံထဲမှာ ဆော့ခိုင်းထားပြီး ကလျာကို အိမ်ထဲဆွဲခေါ်
သွားတယ်။ခြံထဲက ပါတီအသေးထဲမှာတော့ ကာရံ
နဲ့ နေမင်းပိုင် နှစ်ယောက်တည်းသာ။"ကိုနေ ဒါက ဘာလဲ"
"ချာတိတ်ကလဲ စာချုပ်လေကွာ'
"စာချုပ်တော့ သိတာပေါ့ဗျ ။ဘာလို့ကျွန်တော့်ကိုပေး
တာလဲ""ကိုယ့်တစ်ဘဝလုံး မင်းကို ပုံအပ်တာလေ"
"ဟင့် ..ဘာလို့ပိုင်ဆိုင်မှုတွေအကုန်လုံးက ကျွန်တော့်
နာမည်နဲ့ ဖြစ်နေတာလဲ ..အီး..ဟီး...."
YOU ARE READING
အချစ်နဲ့ထပ်တူ(Same with love) Uni , Zawgyi (Complete)
Romanceကလေးသာ ကိုယ့်ရဲ့လက်ကို ဆုပ်ကိုင်ထား မယ်ဆို ကမ္ဘာကြီးရဲ့ အပြင်ဘက်လဲ ကလေး နဲ့အတူ ထွက်ပြေးသွားချင်တယ်။ #ထည်ဝါရှင်း ကိုကို့ကို ကျွန်တော်ချစ်တယ်လို့ပြောချင်ပေမယ့် ကိုကိုဟာ မမနဲ့လက်ထပ်ရမယ့်သူ။အဲ့နေရာက ကျွန်တော့်အတ...