Part 1(Uni+Zawgyi)

5.3K 419 7
                                    

⭐Unicode⭐

အေးချမ်းလှတဲ့ဆောင်းဦးရာသီ၏ နံနက်ခင်းနှင့်မလိုက်ဖက်စွာ ပူလောင်နေရတဲ့ ရှောင်းအိမ်တော်....

"ရှောင်းကျန့်!!! ခွပ်...ခွပ်"

နှစ်ချက်ဆင့်ပြီးအထိုးခံလိုက်ရတဲ့ လက်သီးတွေရဲ့ပိုင်ရှင်က မိမိ၏ ဖခင် ဖြစ်နေတဲ့အခါ ရှောင်းကျန်ဟာ ရင်တစ်ခုလုံး နာကျင်ရပါတယ်။လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းမောင်းနေတဲ့ သူ့ရဲ့ဖခင်ဆိုသူ။

"မင်း အမေ ကလိမ္မာစေချင်လို့ ဆုံးမတာကို ဒီလို ပြန်​လုပ်စရာလား!!!"

"ဘာ အမေလဲ...ကျွန်တော့်မှာ အမေတစ်ယောက်ပဲရှိတယ်..ဒီလို မိန်းမပျက်က ကျွန်တော့အတွက် ဘယ်တော့မှ အမေဖြစ်လာမှာမဟုတ်ဘူး"

ရှောင်းကျန့် လဲကျနေရင်းက ပြန်ပြောမိတဲ့အခါ...ရုတ်တရက်ဆိုသလို ကြာပွတ်နဲ့ရိုက်ပါတဲ့ သူ့ရဲ့ဖခင်။သူ့ဖခင်ရဲ့နောက်မှာတော့ ကောက်ကျစ်စွာ ပြုံးပြနေတဲ့ သူရဲ့မိထွေးဆိုတဲ့ မြေခွေးမ

'ရွှမ်းးး  ရွှမ်းးး ရွှမ်းးး'

ကြာပွတ်အချက်ရေ ၁၀ချက်လောက်မှာရှောင်းကျန့် တစ်ယောက်မေ့လဲသွားခဲ့လေသည်။ ရှောင်းကျန့်က ပျော့ညံ့သူတစ်ယောက်မဟုတ်ပါ...ဒါပေမယ့်ခုအချိန်မှာ သူဖျားနေသည်လေ။ကြာပွတ်ကိုကာထားမိတဲ့ လက်တွေကလည်း ဒဏ်ရာတွေ ဗလပွနှင့်...သွေးများရွှဲနေလေသည်။

"သူ့ကိုအခန်းထဲ ခေါ်သွားလိုက်ကြ ပြီးရင်ထုံးစံအတိုင်း မိသားစုဆရာဝန်ကို ဖုန်းဆက်လိုက်"

"ဟုတ်ကဲ့ သခင်ကြီးး"

ရှောင်းသခင်ကြီးရဲ့ စကားအဆုံးမှာ
လဲကျကာသတိမေ့နေတဲ့ ရှောင်းကျန့်ကို ဆွဲခေါ်သွားကြတဲ့ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်။သေချာပေါက် ရှောင်းကျန့်အခန်းသို့သာ ဖြစ်ပါလိမ့်မည်။
______________________

ရှောင်းကျန့်တစ်ယောက်နိုးလာတော့ ဒဏ်ရာများက ဆေးထည့်ပြီးသား ဖြစ်နေသည်။အင်းးး ဖြစ်ရိုးဖြစ်စဥ်ကိစ္စ တစ်ခုပါပဲ။

အားယူကာ မတ်တပ်ရပ်ရင်း  မျက်နှာသစ်ရန်သွားလိုက်သည်။မျက်နှာသစ်နေတုန်း မှန်ထဲမှာ မြင်နေရတဲ့ သူ့မျက်နှာကို ကြည့်ရင်း အတွေးတွေက လွန်ခဲ့သော အတိတ်တွေဆီသို့...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ