⭐Unicode⭐
ရှောင်းကျန့်တစ်ယောက် စားသောက်ပြီးကာမှ ရိပေါ်ရဲ့ လက်ကဒဏ်ရာအားရုတ်တရက် သတိရသွားတော့သည်။
"ရိပေါ် လက်ကဒဏ်ရာကိုပြပါဦး"
ရိပေါ်ရဲ့လက်ကိုဆွဲယူကာ ဒဏ်ရာကိုကြည့်လိုက်သည်။ရှပ်ထိသွားတယ်ဆိုပေမယ့် ဒဏ်ရာက နဲနဲကြီးတာကြောင့် ရှောင်းကျန့်မျက်နှာပျက်သွားမိသည်။
"တောင်းပန်ပါတယ်ရိပေါ်...ဒီဒဏ်ရာက ငါ့ကြောင့်ဖြစ်ရတာပါ...မင်းငါ့ကိုကာကွယ်ပေးလို့သာ..."
ရှောင်းကျန့်စကားဆက်မပြောနိုင်တော့ပဲ မျက်ရည်များသာစီးကျလာမိသည်။ရိပေါ်က သူ့ကိုပထမဦးဆုံး ကာကွယ်ပေးဖူးတဲ့သူပဲ...အဖေရင်းကတောင် ထိုးရိုက်ပြီး နှိပ်စက်ခဲ့တဲ့သူ့ကိုလေ...ဒီလိုကာကွယ်ပေးတဲ့သူကိုမှ ရှောင်းကျန့်က ဒဏ်ရာ ရစေခဲ့မိတာ....ရိပေါ်တိုက်ခိုက်နေတဲ့အတောအတွင်းမှာလည်း ဘာမှကူညီမပေးနိုင်ခဲ့ဘူး...သူဟာ လူပိုတစ်ယောက်လို ရပ်ပဲ ရပ်ကြည့်နေနိုင်ခဲ့တာ...
"တောင်းပန်ပါတယ်ရိပေါ်....တောင်းပန်ပါတယ်"
ထိုအချိန်....သူ့ရဲ့ မျက်နှာပေါ်မှာ ကျဆင်းနေတဲ့ မျက်ရည်ဥ လေးများကို တယုတယ သုတ်ပေးလာတဲ့ရိပေါ်....
"ရှောင်းးး"
ရိပေါ်ရဲနှုတ်ဖျားမှ အားယူကာ ထွက်လာတဲ့ သြရှရှအသံ...
"ဟင်...ရိပေါ်!!!မင်း..မင်း ငါ့နမည်ကိုခေါ်လိုက်တာလား...ဟင်...ဟုတ်လားရိပေါ်"
မျက်ရည်များနှင့် အံ့သြတကြီး ပြောလာတဲ့ ရှောင်းကျန့်ကို ခေါင်းငြိမ့်ပြကာ ထပ်ပြောလာတဲ့ ရိပေါ်ရဲ့စကားက...
"ရှောင်းးး မငို...ပါနဲ့"
စကားလုံးတွေကို အားယူကာ ပြောလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ကျဆင်းနေတဲ့မျက်ရည်တွေကိုပင်မေ့လုနီးနီး
ထို့နောက်တွင်တော့ ရိပေါ်က မျက်ရည်စတွေကို သုတ်ပေးနေရင်းပင် သူ့ရဲ့ နဖူးပြင်ကို ညှင်သာစွာ နမ်းရှိုက်လာသည်။ရိပေါ်ရဲ့ နှုတ်ခမ်းနွေးနွေးက ကျဆင်းလာတဲ့အနမ်းတွေကို ရှောင်းကျန့်က မငြင်းဆိုပဲ မျက်လုံးမှိတ်လို့သာ ခံယူမိတယ်။ရိပေါ်ရဲ့ အနမ်းက သူ့ရဲ့ နှလုံးသားထိပါနွေးထွေးသွားစေတယ်ဆိုတာကိုတော့ မညာတမ်းဝန်ခံရပါလိမ့်မည်။
![](https://img.wattpad.com/cover/312327519-288-k125194.jpg)
KAMU SEDANG MEMBACA
ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]
Fiksi Penggemarရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 ______________________ ရှောင်းကျန့်:::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 _____...