Part 9(Uni+Zawgyi)

3.2K 397 14
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက် ရိပေါ်ရဲ့ဆံပင်ရှည်တွေကို ကိုင်ကြည့်နေရင်း တွေးမိတာက ရိပေါ်ရဲ့ဆံပင်တွေက အရမ်းနူးညံ့တာပဲဟူ၍ပင်.....

ခေါင်းလျှော်ရည်ဘူးထဲမှ ဆာကူရာအနံ့လေးသင်းနေတဲ့ ခေါင်းလျှော်ရည် များကို လက်ထဲသို့ထည့်လိုက်ရင်း ရိပေါ်အား ခေါင်းလျှော်ပေးခြင်းကို စတင်လိုက်သည်။

ခေါင်းလျှော်ရင်း အမြှုပ်တွေထွက်လာသည့်အခါ ရိပေါ်က ထိုအမြှုပ်လေးတွေကို လက်နှစ်ဖက်နှင့်ယူကာ ဆော့နေတော့သည်။သူ့အတွက်တာ့ ဒါကအထူးအဆန်းပဲလေ....

"ရိပေါ်...ငြိမ်ငြိမ်နေလေ...ဒီမှာခေါင်းလျှော်ရတာအဆင်မပြေဘူး"

သူ့စကားသံကြားမှ ရိပေါ်က ဆော့နေတာကိုရပ်ကာ ငြိမ်ငြိမ်လေး နေပေးသည်။စကားနားထောင်လွန်းတဲ့ကောင်လေးကြောင့် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတွေကလည်း အထက်သို့ကော့တက်သွားသည်။

ခေါင်းလျှော်ပြီးတော့ ဆံပင်တွေကို အသင့်ပါလာတဲ့ တဘက်လေးနဲ့ သုတ်ပေးလိုက်သည်။အားလုံးပြီးတဲ့နောက် ရေစိုနေတဲ့ အဝတ်တွေကြောင့် ရှောင်းကျန့်ကကျောပိုးအိတ်ထဲက အဝတ်တစ်စုံကိုလဲဲလိုက်သည်။ရိပေါ်ကတော့ ရေစိုအဝတ်နှင့်သာ...သူ့မှာ ဝတ်စရာဆိုလို့ ဒီအဝတ်လို့တောင် မခေါ်နိုင်တဲ့ ဒီတစ်ထည်ပဲ ရှိတာလေ။

"ရိပေါ်...မင်းငါ့အင်္ကျီတွေဝတ်မလား...မင်းအင်္ကျီတွေက ရေစိုနေတယ်လေ"

ရိပေါ်က ခေါင်းငြိမ့်ပြတာကြောင့် ရှောင်းကျန့်လည်း ခပ်ပွပွTshirt တစ်ထည်နှင့်ဘောလုံးဘောင်းဘီ ပုံစံမျိုးသာပေးလိုက်သည်။ထို့နောက် ရိပေါ်ကို ဝတ်နည်းပြလိုက်သည်။ရိပေါ်က ဉာဏ်ကောင်းတာကြောင့် ဝတ်ရတာသိပ်ခက်မှာမဟုတ်။

၂၁ရာစုက အင်္ကျီဘောင်းဘီတွေနှင့်ဆံပင်ရှည်ကြီးတွေ ရှိနေသည့် ရိပေါ်ရဲ့ပုံစံက ရယ်စရာကောင်းပေမယ့်...ဆွဲဆောင်မှုလည်းရှိနေပြန်သည်။

ကိစ္စအားလုံးပြီးသွားတဲ့နောက်မှာတော့ရှောင်းကျန့်လည်း ကျောပိုးအိတ်ထဲမှ ရေဘူးလေးကိုထုတ်ကာ ရေအချို့ထည့်လိုက်သည်။ထို့နောက် ဂူသို့ပြန်ရန်ပြင်ကြလေသည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now