Part 16(Uni+Zawgyi)

2.9K 358 17
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက် နိုးလားတော့ ရိပေါ်ရင်ခွင်ထဲမှာ...ရိပေါ်ကတော့ သူ့ကိုဖက်ထားပြီး အိပ်ပျော်နေဆဲ....

ရှောင်းကျန့် ရိပေါ် ရင်ခွင်ထဲကနေ ရိပေါ်ရဲ့ မျက်နှာချောချောလေးကို ငေးကြည့်နေမိသည်။တကယ်လို့များ သူ၂၁ရာစုကိုပြန်ရောက်သွားရင် ဘယ်လိုနေရပါ့မလဲ...အဲ့အချိန်ကျရင် ရိပေါ်က သူ့ကို ခုလိုဖက်ထားပေးနိုင်မှာမဟုတ်တော့ဘူး....

အချိန်ကူးပြောင်းခြင်းတဲ့....အချိန်ကူးပြောင်းဖို့အတွက်ဆိုရင် သေချာပေါက် ကြားခံနယ်ပစ္စည်းတစ်ခုတော့ရှိရမယ်။စဥ်းစားနေရင်းကပင် စာအုပ်အကြောင်းကို စိတ်ကရောက်သွားသည်။စာအုပ်...ဟုတ်တယ် အဲ့ဒီ နီညိုရောင်စာအုပ်ကလေး...သူစာအုပ်ဆိုင်မှာ အဲ့ဒီ စာအုပ်ကိုစာဖတ်နေရင်းကနေ အလင်းတွေထွက်လာပြီး ဒီကိုရောက်လာခဲ့တာပဲ....

ဖြစ်နိုင်တာက အဲ့ဒီနီညိုရောင်စာအုပ်လေးက အချိန်ခရီးသွားပေးတဲ့ ကြားခံပစ္စည်း ဖြစ်နိုင်တယ်...ဖြစ်နိုင်တယ်မဟုတ်ဘူး သေချာပေါက် အဲ့ဒီစာအုပ်ပဲ...ဒါဆို အဲ့ဒီစာအုပ်ကို ပြန်ရှာတွေ့ရင် ၂၁ရာစုကို ပြန်သွားနိုင်ပြီဆိုတဲ့အဓိပ္ပါယ်ပဲ....

ရှောင်းကျန့် ရိပေါ်ရင်ခွင်ထဲမှ ရုတ်တရက်ထလိုက်တာကြောင့် ရိပေါ်လည်း အိပ်နေရာမှနိုးသွားသည်။ရိပေါ်နိုးနိုးချင်း သူ့လက်မောင်းကို လှုပ်ခါပြီး ပြုံးရွှင်စွာ သူ့ကို စကားတွေ ပြောလာနေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။

"ရိပေါ်!!!!ငါသိပြီ...ငါသိသွားပြီ ရိပေါ်... ဟားးဟားး...ငါသိသွားပြီကွ"

ရှောင်းကျန့်ရဲ့ ပျော်နေတဲ့မျက်နှာလေးကြောင့် ရိပေါ်ပါ ဘာမှန်းမသိပေမယ့် ရောယောင်ပြုံးလိုက်သည်။သူ့ရဲ့ထူးဆန်းတဲ့ လူသားလေး တစ်နည်းအားဖြင့် သူ့ရဲ့ အိမ်ထောင်ဖက်လေးက ဘာတွေ​ပျော်နေတာပါလိမ့်....

"ရိပေါ်...ငါနေခဲ့တဲ့နေရာကို ဘယ်လိုပြန်သွားရမလဲဆိုတာ ငါသိပြီထင်တယ်..."

ရှောင်းကျန့် ရဲ့နောက်ဆက်တွဲစကား
ကြောင့် ရိပေါ်ရဲ့မျက်နှာမှာ အပြုံးတွေချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Место, где живут истории. Откройте их для себя