Part 18(Uni+Zawgyi)

2.9K 355 28
                                    

⭐Unicode⭐

ရိပေါ်တစ်ယောက် ရှောင်းအား ဂူထဲမှာပဲနေခဲ့ရန်​ပြောပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့လိုက်သည်။ဘာကြောင့်မှန်းမသိ ဒီနေ့မှသူ့စိတ်တွေကလေးလံနေသည်။

စာအုပ်ရှာချင်စိတ်လည်းမရှိတော့တာမို့ တောထဲသို့သာသွားလိုက်ပြီး ရှောင်းမှာတဲ့ပန်းသီးတွေကိုခူးလိုက်သည်။ပန်းသီးတွေခူးနေရင်းမှ ရှောင်းကိုထူးထူးခြားခြား သတိရနေမိသည်။ထို့ကြောင့် ပန်းသီးတွေမြန်မြန်ခူးကာ ဂူသို့ပြန်လာလိုက်သည်။

အရင်ရက်တွေ သူအပြင်ထွက်တုန်းက ရှောင်းကဂူထဲမှာ တစ်ယောက်ထဲကျန်ခဲ့တာမို့ အဖော်မဲ့ကာပျင်းနေသည်ဟုသူ့အားပြောဖူးသည်။သူပြန်လာရင်လည်း ရှောင်းကပျော်ရွှင်စွာ ကြိုနေတတ်သည်။ခနစောင့်ပါရှောင်း မင်းပြောတဲ့ စာအုပ်ဆိုတာကြီးကို ရှာပြီး ဖျက်စီးပြီးရင် မင်းနဲ့နေရာတိုင်းကို အရင်လိုလွတ်လွတ်လပ်လပ်လျှောက်သွားလို့ရပါပြီ...

ရိပေါ်တစ်ယောက် ဂူသို့မြန်မြန်ပြန်လာလိုက်သည်။သို့ပေမယ့် တိတ်ဆိတ်နေတဲ့ဂူက သူ့ကိုသွေးခြောက်ခြားစေသည်။အရင်လို ပြုံးပျော်စွာ သူ့ကိုကြိုနေတတ်တဲ့ ရှောင်းကိုလည်း မတွေ့ရတော့...

"ရှောင်းးးး"

"ရှောင်းးးး"

"ရှောင်းးးးမင်းဘယ်မှာလဲ!!!"

အနီးအနားမှာရှိမလားလို့ အော်ခေါ်နေပေမယ့် တုံ့ပြန်သံမကြားရ....လက်ထဲမှရှောင်းအတွက်ခူးလာတဲ့ပန်းသီးတွေကိုလည်း ဆက်ကိုင်ထားနိုင်စွမ်းမရှိတော့...မြေပြင်ပေါ်သို့သာ လွှတ်ချလိုက်တော့သည်။

"ရေတံခွန်...ဟုတ်တယ်..ရေတံခွန်မှာများလား"

ရိပေါ်ရှောင်းသွားနေကျ ရေတံခွန်သို့ အပြေးသွားတော့သည်။သို့ပေမယ့် ရေလာသောက်နေကြသည့် တိရစ္ဆာန်များကလွဲရင် ဘယ်သူမှမရှိ....

"ရှောင်းးးမင်းဘယ်မှာများလဲ"

ရိပေါ်တစ်ယောက် ရှောင်း သွားနိုင်လောက်တဲ့နေရာတွေကိုလိုက်ရှာပေမယ့် ရှောင်းကိုမတွေ့...နေရာတိုင်းကိုရိပေါ်ပြေးလွှားရှာရင်းကနေရောက်သွားတာက ရှောင်းကိုသူစတွေ့ခဲ့တဲ့နေရာ...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Onde histórias criam vida. Descubra agora