⭐Unicode⭐
အရင်က တက်ကြွစွာနေထိုင်ခဲ့တဲ့ရိပေါ်ဟာ အခုတော့လည်းထိုင်းမှိုင်းစွာ...ရိပေါ်ရဲ့ခန္ဓာကိုယ်ဟာ အရင်လိုမဟုတ်တော့ ပိန်ကျသွားလိုက်တာ....တစ်စုံတစ်ယောက်ကိုသတိရစိတ်တွေအချိန်တိုင်းကြီးစိုးနေခဲ့လို့ မစားမသောက်နိုင်ဖြစ်နေခဲ့တယ်ထင်ပါရဲ့....
အရင်လို ခေါင်းလျှော်ပေးမယ့် သူကမရှိတော့တာမို့ ဆံပင်တွေမှာ ဆာကူရာအနံ့လေးလည်းမရခဲ့တာ တော်တော်ကြာပြီ...
ရာသီတွေအလီလီပြောင်းလဲခဲ့ပေမယ်...မပြောင်းလဲတာတစ်ခုကတော့ ကမ္ဘာဦးလူသားလေးဟာ တစ်စုံတစ်ယောက်ကိုစောင့်နေခဲ့တာပါပဲ....
ရိပေါ်တစ်ယောက် ပုံမှန်နေ့တွေအတိုင်း နေ့တစ်နေ့ကိုအစပြုခဲ့သည်။မနက်စောစော အိပ်ရာထကာ ပန်းသီးလေးတွေ ခူးရင်းနဲ့ပေါ့....
စားမယ့်သူမရှိမှန်းသိပေမယ့်...သူကတော့ပန်းသီးတွေကိုနေ့တိုင်းခူးနေဦးမှာပါ... ရှောင်းပြန်လာခဲ့ရင်...အင်းးး ရှောင်းပြန်လာခဲ့ရင်စားဖို့ပေါ့....
အရင်တုန်းက ပန်းသီးလေးတွေ ခူးနေရင်းသူမျက်ရည်တွေကျတတ်ပေမယ့်...ကြာလာတော့မျက်ရည်တွေမကျတော့....ဒါပေမယ့် ရင်ထဲမှာတော့ စူးစူးနစ်နစ်နဲ့နာကျင်နေရတုန်းပါပဲ....
ရိပေါ်တစ်ယောက်ပန်းသီးလေးတွေပိုက်ကာ ဂူသို့ပြန်လာခဲ့လိုက်သည်။ဂူထဲသို့အရောက် ထူးဆန်းတဲ့အသံတစ်ခုကြားလိုက်ရသည်။
ရိပေါ်လည်း ဂူထဲသို့ အမြန်ပြေးဝင်ကာကြည့်လိုက်သည်။ဂူထဲရောက်တော့ သူ့ကိုကျောခိုင်းကာ ရှောင်းရဲ့ကျောပိုးအိတ်ကိုယူဖို့ကြံနေတဲ့လူတစ်ယောက်.....
ရိပေါ် အရမ်းဒေါသထွက်သွားမိသည်။ရှောင်းရဲ့အမှတ်တရပစ္စည်းဆိုလို့ သူမှာဒါလေးပဲကျန်တော့တာ...ဒါကိုဒီလူသားက ခိုးဖို့ကြံနေတယ်ပေါ့လေ....
ရိပေါ် ထိုလူသားစီကို တိုးတိုးတိတ်တိတ်သွားနေတုန်းမှာပင်...ပန်းသီးတစ်လုံးက လက်ထဲကနေထွက်ကျပြီး ထိုလူရဲ့ခြေထောက်နားသို့လိမ့်သွားလေသည်။
တစ်ဖက်လူက ကျောပိုးအိတ်ကိုကိုင်နေရင်းကပင် ခြေထောက်နားကိုလိမ့်လာတဲ့ပန်းသီးလေးကို ကိုင်ကြည့်ကာ နောက်သို့လှည့်ကြည့်လာလေသည်။
YOU ARE READING
ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]
Fanfictionရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 ______________________ ရှောင်းကျန့်:::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 _____...