Part 23(Uni+Zawgyi)

3.5K 367 13
                                        

⭐Unicode⭐

ရိပေါ် ရှောင်းရဲ့ကျဆင်းနေတဲ့မျက်ရည်လေးတွေကို လက်ကလေးနှင့်ညှင်သာစွာသုတ်ပေးလိုက်သည်။

"ရှောင်းးးး မငိုပါနဲ့"

ရှောင်းကျန့် မျက်ရည်တွေစီးကျနေတဲ့ကြားမှပြုံးလျှက် ခေါင်းငြိမ့်ပြမိသည်။

ရိပေါ်တစ်ယောက် ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့မှ ဂူထဲမှာသူတစ်ခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့ပစ္စည်းတွေ ကိုတွေ့လိုက်ရသည်။

"ရှောင်းးး ဒါတွေက.."

"အာ...အဲ့ဒါတွေက လိုအပ်မယ်ထင်တဲ့ပစ္စည်းတွေလေ...အကုန်ယူလာတာ"

ရိပေါ် မြင်နေရတဲ့ပစ္စည်းပုံကြီးကို ကြည့်ပြီးပါးစပ်အဟောင်းသားးး

"များလွန်းလို့ ဂူတစ်ဝက်လောက်တောင်ရှိနေပြီ"

"အင်းလေ...ငါကနောက်ဆိုဒီမှာမင်းနဲ့အတူနေတော့မှာကို...ဒါကြောင့် လိုတာတွေအကုန်သယ်လာတာ"

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်မှာပိုပြီးပျော်ရွှင်ရပါသည်။ခုမှ သူ့ဘဝကြီးဟာ အဓိပ္ပါယ်ရှိလာခဲ့ပြီ...နောက်ဆို သူရှောင်းနဲ့အတူ အရာအားလုံးကိုဖြတ်သန်းလို့ရပြီပေါ့....

"ရှောင်းးးး"

ရှောင်းကျန့်ကတော့ ရိပေါ်ကိုပြုံးလျှက်သာကြည့်နေမိသည်။ထို့နောက်...

"ကဲ..အခုအရင်ဆုံးမင်းရဲ့ဒီဆံပင်တွေကိုညှပ်ရအောင်...ငါဆံပင်ညှပ်ဖို့လိုတာတွေပါယူလာတယ်...အရင်တစ်ခေါက်ထဲကညှပ်ပေးချင်နေတာ"

ရှောင်းကျန့်လည်း သူ့ရဲ့ ပစ္စည်းပုံတွေကြားထဲမှာ ကတ်ကြေးတွေ၊ဘီးတွေကိုလိုက်ရှာလိုက်သည်။

"ရပြီ...ရိပေါ်...ဆံပင်ညှပ်ရအောင်...ဟိုနားမှာထိုင်လိုက်"

ရိပေါ်လည်း ရှောင်းလက်ညှိုးထိုးပြတဲ့နေရာမှာထိုင်လိုက်သည်။ထို့နောက် ရှောင်းကျန့်၏ ရိပေါ်အား ဆံပင်ညှပ်ပေးခြင်းလုပ်ငန်းစတော့သည်။

"ဟိုဘက်ခေတ်မှာတုန်းက မင်းအတွက်ဆိုပြီး ငါဆံပင်ညှပ်နည်းတွေသင်လာခဲ့တာ ရိပေါ်...ဒါပေမယ့်၅နှစ်ကြာမှမင်းဆီကိုပြန်လာနိုင်ခဲ့တာ...ကြာသွားတယ်မို့လား"

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Où les histoires vivent. Découvrez maintenant