Extra

3.7K 431 24
                                    

~Unicode~

"ဝမ်ရိပေါ်!!!!"

"ခင်ဗျာ~~~"

"ကျုပ်ကိုဒီပန်းသီးတွေပဲနေ့တိုင်းကျွေးနေတော့မှာလားးးပေါင်းလာတာ၆နှစ်ရှိပြီ...မနက်လည်းဒီပန်းသီး နေ့လည်လည်းဒီပန်းသီးး ညလည်းဒီပန်းသီး...ပန်းသီးပဲစားနေရလို့လူလည်းအားပြတ်နေပြီ"

ရှောင်းကျန့်ရဲ့အော်ဟစ်မှုကြောင့်ရိပေါ်မှာမချိတင်ကဲသွားဖြဲပြရုံသာတတ်နိုင်တော့သည်။

"ဟို...ရှောင်းဟင်းချက်ရတာသက်သာအောင်ပါ...ပြီးတော့..ဟီးးဟီးး"

"ဘာဟီးးဟီးးလုပ်နေတာလဲ"

"ဟီးးရှောင်းနဲ့နမ်းရင်ရှောင်းနှုတ်ခမ်းလေးတွေချိုနေအောင်လို့ပါ...."

ခေါင်းကုတ်ကာပြောင်စပ်စပ်နဲ့ပြောနေတဲ့ရိပေါ်ကြောင့်ရှောင်းကျန့်မှာသက်ပြင်းသာချနိုင်တော့သည်။

"သွားးးခုချက်ချင်း ဟင်းစားသွားရှာ"

"အင်းးအင်းး"

ရိပေါ်ကတော့သူ့အိမ်ရှင်ထီးလေးကိုကြောက်ရပါသည်။မဟုတ်ရင်ညစာငတ်မယ်မဟုတ်လားး

ဂူပြင်သို့အရောက်ရိပေါ်နောက်မှအော်ပြောလာတဲ့အသံစူးစူးလေးကိုကြားလိုက်ရပါသေးသည်။

"ကောင်မလေးတွေမငမ်းနဲ့!!!ဂရုစိုက်လည်းသွားအုံးးနော်!!!"

ရိပေါ်သွားတွေပေါ်တဲ့အထိပြုံးကာအမဲလိုက်ရန်တက်ကြွစွာထွက်သွားတော့သည်။

ရှောင်းကျန့်မှာလည်းခေါင်းတစ်ခါခါနဲ့ရယ်နေမိသည်။ပေါင်းသင်းလာတဲ့နှစ်တွေကြာခဲ့ပေမယ့် ရိပေါ်နဲ့သူဟာ ကြင်စဦးလေးတွေအတိုင်းပါပဲ...တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ကြတယ်...ချစ်ပေးကြတယ်...ရိပေါ်နဲ့လက်ထပ်ပြီးတဲ့နေ့ကစလို့ခုလက်ထိရှောင်းကျန့်မှာမျက်ရည်ဆိုတာမရှိခဲ့တော့ပါ...ပျော်ရွှင်မှုတွေသာပြည့်နေခဲ့တဲ့ဘဝလေးကိုသူသိပ်မြတ်နိုးတယ်

ရိပေါ်အမဲလိုက်ထွက်သွားတာ၂နာရီလောက်ပဲရှိသေးပေမယ့် ရှောင်းကျန့်မှာတော့ဂူရှေ့မှာလမ်းလျှောက်ကာမျှော်နေမိပြန်သည်။

လွှတ်သာလွှတ်လိုက်ရတာအန္တရာယ်တွေတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်ပါ့မလဲ...ဟူတဲ့စိုးရိမ်စိတ်ကအပြည့်။ရိပေါ်ဟာကမ္ဘာဦးလူသားတစ်ယောက်ဖြစ်သည်ကိုပင် ရှောင်းကျန့်ကမေ့နေတဲ့ပုံ...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Donde viven las historias. Descúbrelo ahora