⭐Unicode⭐
ရှောင်းကျန့်တစ်ယောက် မိမိ ပါးစပ်ကို ပိတ်ထားတဲ့ လက်ကိုခွာကာ နောက်ကိုလှည့်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရတာကတော့ ချောမောလွန်းတဲ့ ကမ္ဘာဦး လူသား ကောင်လေး ကိုပင်....
ကမ္ဘာဦးလူသားတွေက မပြင်တတ်မဆင်တတ်မို့ စုတ်စုတ်ပျက်ပျက်တွေနဲ့ မဲမဲသဲသဲ ရုပ်ဆိုးကြီးတွေ...ရေဆိုတာကိုချိုးရမှန်းတောင် မသိ၊အသားတောင် အစိမ်းလိုက်ပဲစား ကြသေးတဲ့ လူသားတွေ လို့ ပြောတာကြားဖူးခဲ့တာ...ခုတော့ ရှေ့က ကမ္ဘာဦး လူသား ကြောင့်မယုံချင်တော့...
ထိုကမ္ဘာဦး လူသား ၏ခန္ဓာကိုယ်မှာ ဗလ အသင့်အတင့်နှင့် ကြည့်ကောင်လွန်း သည်။ကမ္ဘာဦးလူသားတွေဆိုတာ စားသောက်ရေးအတွက် နေပူထဲမှာ အမြဲ အမဲလိုက်နေကြတဲ့သူတွေမို့ အသားသေချာပေါက်မဲရမည်လေ။ခုတော့ ထိုလူသားရဲ့ အသားအရည်ကလည်း သူ့ထက်တောင် ဖြူဥနေလေသည်။ထို့အပြင်နှုတ်ခမ်းဖူးဖူးလေးနဲ့ ပါးဖောင်းဖောင်းလေးက ချစ်စရာပင်ကောင်းနေသေးသည်။ဒါအဓိပ္ပါယ်ရောရှိရဲ့လား။
ရှောင်းကျန့်တစ်ယောက် ရှေ့က ကမ္ဘာဦး လူသားအား သေချာကြည့်ကာ အကဲဖြတ်နေတုန်း နောက်ထပ်မြင်လိုက်ရတာက စူးရှလွန်းတဲ့မျက်လုံးတွေ...ဒီမျက်လုံးတွေက ကြောက်စရာကောင်းလောက်အောင်ပင်
ဆွဲဆောင်မှု အပြည့်..ခြုံကြည့်ရရင် တကယ်ကို ချောမောလွန်းပြီး
ယောက်ျားပီသမှုတွေ အပြည့်ရှိနေသည်။ထိုကမ္ဘာဦးလူသား၏ဆံနွယ်များမှာ တင်ပါးအောက်ပင်ရောက်နေပြီ...ဒီလို ကမ္ဘာဦးမှာ ဆံပင်တွေ ဘာတွေ ဘယ်ညှပ်တတ်ကြပါ့မလဲ...ပြီးတော့ ထိုကမ္ဘာဦးလူသားက သားကောင် တစ်ကောင်ကောင်၏ သားရေနှင့်ချုပ်ထားသည့် လူရိုင်းလိုလို၊တာဇံလိုလို ပုံစံနဲ့ ဆင်တူသည့် အင်္ကျီကိုဝတ်ဆင်ထားသည်။လက်တစ်ဖက်မှာလည်း တုတ်ကဲ့သို့သောလက်နက်တစ်မျိုးကိုင်ထားသေးသည်။သူ့ထက်တော့ငယ်မည့်ပုံပေါ်သည်။
"ကယ်ပေးတာ ကျေးဇူးပဲ...ဒါနဲ့ မင်းနမည် ဘယ်လိုခေါ်လဲ"
သူပြောတာကို နားမလည်သလိုပုံစံ နှင့် ခေါင်းစောင်းကာ သူ့ကိုကြည့်နေတဲ့ ထိုကမ္ဘာဦးလူသား ကောင်လေး
YOU ARE READING
ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]
Fanfictionရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 ______________________ ရှောင်းကျန့်:::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 _____...