Part 19(Uni+Zawgyi)

3K 356 27
                                    

⭐Unicode⭐

ရိပေါ် ရှောင်းထံမှ ထွက်ကျလာမယ့်စကားတွေကိုစောင့်စားနေမိသည်။

"မင်းပြောသလို မင်းဆီကထွက်သွားချင်တာမဟုတ်ပါဘူး...ဒါပေမယ့်..အဲ့စာအုပ်က ငါ့အတွက်အရမ်း အရေးကြီးတယ်ရိပေါ်..."

"မင်းအသက်ကိုစတေးရလောက်တဲ့အထိလား...အဲ့လောက်ထိအရေးကြီးတာလား!!!"

"ဟုတ်တယ်!!!!အရေးကြီးတယ်...အဲ့စာအုပ်ကပဲ ငါ၂၁ရာစုကိုပြန်နိုင်အောင်လုပ်ပေးနိုင်တာ...ပြီးတော့ ငါ့ ပါပါးကို ပြန်တွေ့နိုင်ဖို့ ဒီစာအုပ်ရှိမှဖြစ်မှာ"

ရှောင်းကျန့်ရဲ့စကားတွေအဆုံး ရိပေါ်ရဲ့နှလုံးသားတစ်ခုလုံးနာကျင်သွားရသည်။

"အဲ့ဒါဆို ငါကရော...ငါကရော ရှောင်းး မင်းတစ်ယောက်ထဲရဲ့ မျက်နှာကိုကြည့်ပြီးနေခဲ့တဲ့ငါကရော...."

"တောင်းပန်ပါတယ်ရိပေါ်"

"ဟူးး အဲ့စာအုပ်က မင်းအတွက်အရေးကြီးသလို... မင်းကလည်းငါ့အတွက်အရေးကြီးတယ်ရှောင်းး...အဲ့တာကိုရောမင်းသိရဲ့လား..."

ရိပေါ်ရဲ့တုန်ရီနေတဲ့အသံတွေရဲ့နောက်မှာ ရှောင်းကျန့်ရဲ့မျက်ရည်တွေဟာလည်းမထိန်းနိုင်စွာ ပါးပေါ်သို့ကျဆင်းလာသည်။

"ငါမင်းကို သိပ်ချစ်တယ်ရှောင်း...မင်းသိလား...မင်းကငါ့ကိုမရွေးချယ်ပေမယ့် ငါကတော့မင်းကိုပဲအမြဲတမ်းရွေးချယ်နေခဲ့တာ..."

"ရိပေါ်...ငါ့ကိုနားလည်ပေးပါ...ငါပါပါးကိုတွေ့ချင်တယ်...ငါပါပါးကိုလွမ်းတယ်ရိပေါ်...သားသမီးတစ်ယောက်အနေနဲ့ ငါပါပါးကို တွေ့ချင်မိတာငါမှားလား"

ရိပေါ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။အဲ့ဒီသက်ပြင်းချခြင်းတွေရဲ့နောက်ကွယ်မှာ မျက်ရည်စတွေကပ်ပါလာနိုင်တယ်ဆိုတာ ရှောင်း သိနိုင်ပါ့မလား...

"မမှားပါဘူး...မင်းမမှားပါဘူးရှောင်းးး... မင်းမှန်ပါတယ်...ငါမတားတော့ပါဘူး...ဒါပေမယ့်လေ မင်းသိရဲ့လားရှောင်းး...ငါကလေ မင်းရဲ့လက်ကိုဆွဲပြီး ဒီဘဝကြီးကို ဖြတ်သန်းချင်ခဲ့တာ"

"ရိပေါ်...."

ရိပေါ်ကြိုးစားပြီး ခေါင်းတွေသာ ငြိမ့်ပြနေမိသည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now