⭐Unicode⭐
ရှောင်းကျန့်တစ်ယောက် ၂၁ရာစုကိုပြန်ရောက်တော့ သူပျောက်ကွယ်သွားခဲ့တုန်းက စာအုပ်ဆိုင်ထဲမှာသာ....
ဆိုင်ကောင်တာမှ အဖိုးအိုဟာလည်း အရင်အတိုင်း သူ့ကိုပြုံးလျှက်ကြည့်နေခဲ့သည်။ရှောင်းကျန့်လည်း ဆိုင်ကောင်တာမှာရှိတဲ့ အဖိုးအိုဆီသို့လျှောက်သွားလိုက်သည်။
"အဖိုးးး ကျွန်တော် အိမ်မက်မက်နေခဲ့တာတော့ မဟုတ်ပါဘူးနော်"
အဖိုးအိုဟာသူ့ကိုပြုံးရင်းသာခေါင်းခါပြသည်။
"မဟုတ်ပါဘူး...လူလေးဖြစ်ခဲ့တာတွေကြုံတွေ့ခဲ့ရတာတွေက အမှန်ပါ"
"ဒီစာအုပ်ကလေး ကျွန်တော့်ကို ရောင်းနိုင်မလားအဖိုး"
လက်ထဲမှ နီညိုရောင်စာအုပ်ကလေး ကိုအဖိုးအိုအားပြကာမေးမိသည်။
"ဒီစာအုပ်က လူလေးအပိုင်ပါ..."
ရှောင်းကျန့်လည်း အဖိုးအိုအား ကျေးဇူးတင်ကြောင်းပြောကာ ဆိုင်မှထွက်လာခဲ့လိုက်သည်။တကယ်လို့အဖိုးအိုမရောင်းဘူးဆိုရင်တောင် မဖြစ်ဖြစ်တဲ့နည်းနဲ့သူစာအုပ်ကိုရအောင်ယူမှာ...ဒီစာအုပ်က ရိပေါ်ဆီပြန်နိုင်တဲ့ တစ်ခုတည်းသောအရာလေ....
သူအပြင်ရောက်သည်နှင့် ပျောက်ကွယ်သွားတဲ့ စာအုပ်ဆိုင်ကြောင့် ပါးစပ်ဟောင်းသား...ခုလိုအဖြစ်အပျက်မျိုးတွေကို တစ်ခြားတစ်ယောက်ယောက်ကိုပြောပြရင် သူကိုရူးနေတယ်လို့ပဲထင်ကြမှာ...
အပြင်ရောက်လို့ ပတ်ဝန်းကျင်ကိုကြည့်မိတော့ ညအချိန်တစ်ခုတောင်ရောက်နေလေပြီ...ချမ်းအေးနေတာမို့ဆောင်းရာသီဆိုတာကိုတော့သိလိုက်သည်။
သူကမ္ဘာဦးမှာ ဘယ်လောက်ကြာခဲ့တာလဲသိချင်မိတာကြောင့် ဘေးနားမှာဖြတ်သွားတဲ့လူတစ်ယောက်အား မေးလိုက်မိသည်။
"ဒီမှာဗျ...ခုကဘယ်နှစ်ခုနှစ်လည်းမသိဘူး"
"2022 ခုနှစ်ပါ"
ထိုလူကသူ့ကိုအူကြောင်ကြောင်နှင့်ကြည့်ကာ ပြန်ပြောသွားခြင်းပင်...
"ဒါဆို...၂နှစ်တောင်ကြာခဲ့တာပဲ"
သူကမ္ဘာဦးကိုရောက်သွားခဲ့တဲ့အချိန်တုန်းက 2020 ပဲရှိသေးသည်လေ...
ESTÁS LEYENDO
ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]
Fanficရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 ______________________ ရှောင်းကျန့်:::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 _____...