Part 17(Uni+Zawgyi)

2.8K 344 25
                                    

⭐Unicode⭐

ရိပေါ်တစ်ယောက် ရှောင်းကျန့်ရဲ့ 'စာအုပ်ကိုရှာပေးပါ' ဆိုတဲ့စကားကို ကြားရပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီ စာအုပ်ဆိုတာကြီးကို သူအသဲအသန်ကြိုးစားပြီးရှာပေးနေပါတယ်....

ပြန်ပေးမလို့တော့မဟုတ်ဘူး ဖျက်စီးပစ်မလို့...တကယ်လို့ရှောင်းသာ စာအုပ်ဆိုကြီးကို အရင်ရှာတွေ့သွားရင်....ရှောင်းကသူ့အနားကထွက်သွားတော့မှာ....သူအဲ့လိုအဖြစ်မခံနိုင်ဘူး ရှောင်းကို ဘယ်မှထွက်သွားခွင့်မပြုနိုင်ဘူး....

အဲ့တာကြောင့်သူစာအုပ်သွားရှာရင် ရှောင်းကို တစ်ခါမှ အပြင်ကိုမခေါ်ဖြစ်...ဂူထဲမှာသာကျန်နေစေခဲ့သည်။

"ရှောင်း...ငါစာအုပ်ဆိုတာကြီးကိုသွားရှာလိုက်ဦးမယ်...ဂူထဲမှာပဲနေခဲ့နော်"

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်စိတ်မပါလက်မပါဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

"အင်းးးငါ့စားဖို့အတွက် ပန်းသီးတွေလည်းခူးခဲ့ဦး ရိပေါ်"

"အင်း"

ရိပေါ်ကတော့ ဂူအပြင်သို့ထွက်သွားခဲ့လေပြီ....တကယ်တော့ ရှောင်းကျန့်ကရိပေါ်နဲ့အတူ ဂူအပြင်ကိုထွက်ပြီး စာအုပ်လိုက်ရှာချင်ပါတယ်...ဒါပေမယ့် ရိပေါ်က သူ့ကိုအပြင်သို့အထွက်မခံ....

ရိပေါ်ထွက်သွားတာသေချာတော့မှ ရှောင်းကျန့်လည်း ဂူအပြင်သို့ထွက်ရန်ပြင်လိုက်သည်။ဂူအပြင်မှာဘာလုပ်နေတယ်ထင်ပါသလဲ...ဟုတ်ကဲ့လမ်းလျှောက်နေတာပါ...အမြဲဂူထဲမှာနေနေရတော့ ​ညောင်းတယ်လေ...

လမ်းလျှောက်နေရင်းနဲ့ ကောင်းလွန်းလှတဲ့ ရှောင်းကျန့်ရဲ့ ဦးနှောက်လေးက တစ်စုံတစ်ခုကိုတွေးမိသွားလေသည်။

"ငါဒီကိုစရောက်လာတုန်းက ဒိုင်နိုဆောတွေ ရှိတဲ့နေရာမှာ...အဲ့မှာပဲပြေးရင်းလွှားရင်းနဲ့စာအုပ်ကျကျန်ခဲ့တာ...ဒါဆို ငါ့စာအုပ်က ဒိုင်နိုဆောတွေရှိတဲ့နေရာမှာပဲရှိရမယ်...ငါရိပေါ်ပြန်လာတဲ့ထိ စောင့်ပြီးမှသွားကြတာပေါ့"

ရှောင်းကျန့်လည်း ဂူထဲသို့ပြန်သွားရန်အလုပ် ခြေလှမ်းတွေက ရပ်တန့်သွားသည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Donde viven las historias. Descúbrelo ahora