⭐Unicode⭐
ရှောင်းကျန့်လည်း ရိပေါ်အပြုံးကို ငေးကြည့်နေမိရင်း အချိန်တော်တော်ကြာမှ သတိပြန်ဝင်လာကာ မျက်တောင်များ
ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းအကြည့်လွှဲလိုက်သည်။'ဂွီ'
ဟူးးးအရးထဲဆို အမြဲဒီလိုပဲ...
ရိပေါ်က သူ့ကိုကြည့်ကာ သူ့ဗိုက်သူလက်နဲ့ပုတ်ပြပြီးနောက်
"ဂါးးဂူးးးဂီးးး"
ကြည့်ရတာ သူ့ကို ဗိုက်ဆာနေတာလားလို့မေးတာဖြစ်မယ်ထင်တယ်။သူလည်းဘာမှန်းညာမှန်းမသိ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်ရိပေါ်က သူ့အနားကထပြီး ဂူရဲ့တစ်နေရာသို့ထွက်သွားသည်။တစ်အောင့်နေတော့ ကြွက်လိုလို ဘာလိုလို အသေကောင်ကြီးကို လက်က ကိုင်ကာ
သူ့ဆီသို့ပြန်လာသည်။သူ့အနားရောက်တော့ ထိုကြွက်လိုလို အသေကောင်ကို သူ့ထံသို့ လက်ကမ်းကာ ပေးနေလေသည်။"ဂီးးးအူးးဂါးးးဂွီးးး"
"အယ်...ရိပေါ် ဒါကြီးကို ငါ့ကိုစားခိုင်းနေတာတော့ မဟုတ်ပါဘူးနော်"
"ဂီးးးအူးးဂါးးးဂွီးးး"
"ဒါကြီးက အစိမ်းကြီးလေ ငါဘယ်လို့စားရမလဲ...ပြီးတော့ ငါက ကြွက်တွေကို ကြောက်တယ်ဟ"
ရိပေါ်က သူ့ပြန်ပြောသမျှတွေကို
နားမလည်တော့ ခက်ပြီ...ရှောင်းကျန့်တစ်ယောက် ခေါင်းကိုသာ လက်နှစ်ဖက်နှင့် အသေကုတ်နေမိတော့သည်။"ဟူးးးဘယ်လိုပြောရမလဲ....အမူအရာနဲ့ပြောတာပိုကောင်းမယ်ထင်တယ်"
ထို့နောက် ရှောင်းကျန့်လည်း ခေါင်းတွေရော လက်တွေရော ခါကာ မစားချင်ကြောင်း အသေငြင်းဆန်ပြလိုက်တော့သည်။
ဒီတစ်ခါတော့ အလုပ်ဖြစ်ပုံပေါ်သည်။ရိပေါ်က ကြွက်သေကို သူ့ဘေးနားမှာချထားပစ်ခဲ့ကာ...ခုနကထွက်သွားတဲ့ဂူနေရာသို့ ပြန်ထွက်သွားပြန်သည်။
ထို့နောက် ရိပေါ်ပြန်ရောက်လာသည်။ဒီတစ်ခါတော့ ရိပေါ်လက်ထဲမှာ ကိုင်ထားတာက လက်သုံးလုံးစာလောက်ရှိတဲ့မြွေဟောက် တစ်ကောင်ပင်။မြွေတောင် အသေမဟုတ် အရှင်ကြီးးးး။မြွေရဲ့ခေါင်းကိုဖိကိုင်ထားပေမယ့် မြွေရဲ့အမြှီးးတွေကတော့ တွန့်လိမ်ကောက်ကွေးကာ လှုပ်ခါနေသည်။
![](https://img.wattpad.com/cover/312327519-288-k125194.jpg)
BINABASA MO ANG
ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]
Fanfictionရှောင်းကျန့်::::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 ______________________ ရှောင်းကျန့်:::::"မင်းနမည်ဘယ်လိုခေါ်လဲ" ဝမ်ရိပေါ်::::::"ဂူးးဂါးးဂါးးး" Start Date~3.6.2022 End Date ~6.7.2022 _____...