Part 24(Uni+Zawgyi)

3.4K 357 13
                                    

⭐Unicode⭐

နှစ်ယောက်သား အလွမ်းတွေနဲ့ပွေ့ဖက်နမ်းရှိုက်မှုတွေရဲ့အဆုံးမှာ...ဘာဆက်ဖြစ်ကြမယ်ထင်ပါသလဲ???

ဟုတ်ကဲ့....ရှောင်းရဲ့ တောင်ပုံရာပုံ ပုံနေတဲ့ပစ္စည်းပုံကြီးကို ရှင်းကာ နေရာချနေရပါတော့တယ်....

ရှောင်းရဲ့ပါလာတဲ့ပစ္စည်းတွေထဲမှာ သူမသိသေးတဲ့ထူးဆန်းတဲ့ပစ္စည်းအချို့လည်းပါနေသေးသည်။

"ရှောင်းး ဒီအပြာရောင်အပြားကြီးတွေက ဘာလဲ"

ရှောင်းကျန့်ရိပေါ် ပြတဲ့အရာကိုကြည့်လိုက်တော့ solarပြားတွေ ဖြစ်နေသည်။

"သြော်...အဲ့တာကို ဆိုလာ လို့ခေါ်တယ်...နေရောင်နဲ့သုံးပြီး လျှပ်စစ်ရအောင်လုပ်လို့ရတယ်လေ"

ရှောင်းကသူ့ကို ရှင်းပြနေရင်းမှ အခြားပစ္စည်း တွေကိုနေရာချနေသည်။

"ရှောင်းး ဒါကမွေ့ရာကြီးပေါ့နော်"

နှစ်ယောက်အိပ်မွေ့ရာကြီးကို လက်ညှိုးထိုးပြကာမေးလာတဲ့သူ့ရဲ့ကမ္ဘာဦးလူသားလေး

"ဟုတ်တယ် ရိပေါ်ရဲ့ နောက်ဆို သစ်ရွက်တွေပေါ်မှာ အိပ်စရာမလိုတော့ဘူးလေ"

ရှောင်းကျန့် ပစ္စည်းအချို့ကိုနေရာချနေရင်းမှ ရိပေါ်ကိုကြည့်လိုက်တော့ မွေ့ရာပေါ်ကိုတက်ခုန်နေတဲ့ရိပေါ်...

"ရိပေါ်....ဆော့မနေနဲ့တော့....ဒီမှာလာကူဦးလေ..."

"ဟီးးးဟီးးး လာပြီ...လာပြီ"

ရိပေါ်ကတော့ သူ့ရဲ့ အိမ်ရှင်ထီးလေးပြောတဲ့အတိုင်း အားလုံးကို တသွေမတိမ်းလိုက်နာနေတော့သည်။

အားလုံးပြီးဆုံးသွာတဲ့နောက်မှာ ဂူတစ်ခုလုံးဟာ ၂၁ရာစုက အသုံးအဆောင်တွေနဲ့ပြည့်နှက်နေတော့သည်။ရှောင်းက ဆိုလာ ဆိုတဲ့ဟာတွေကိုတပ်ပြီးတဲ့နောက်မှာတော့ ဂူတစ်ခုလုံးကိုမီးကြိုးတွေဆင်နေသည်။ထို့နောက်တွင်တော့ ဂူတစ်ခုလုံး လင်းထိန်သွားတော့သည်။ရှောင်းဆင်ပေးထားတဲ့ မီးသီးတွေကြောင့်ပေါ့....

ရိပေါ်ကြည့်နေရင်းမှတွေ့လိုက်ရတဲ့အရာတစ်ခုကြောင့်တုန်လှုပ်မိသည်။နီညိုရောင်စာအုပ်ကလေးပင်ဖြစ်သည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Donde viven las historias. Descúbrelo ahora